ထမ်းလွမ်လိုဏ်ဂူ

November 3, 2019

တောဝက်ဘောလုံးအဖွဲ့သားများ ပိတ်မိခဲ့သည့် ထမ်းလွမ်လိုဏ်ဂူ ပြန်ဖွင့်၊ လာရောက်သူ များပြား

ထိုင်းနိုင်ငံမြောက်ပိုင်း မြေအောက်မှာ မနှစ်က တောဝက်ဘောလုံးအသင်း နည်းပြနဲ့ ကလေး ၁၂ ယောက် သီတင်းပတ်ချီ ပိတ်မိခဲ့တဲ့ ထမ်းလွမ်လိုဏ်ဂူကို နိုဝင်ဘာ ၁ ရက်က ပြန်ဖွင့်ပေးလိုက်ပါတယ်။ တောဝက် လူငယ်ဘောလုံးသမားတွေကို ၂၀၁၈ ဇူလိုင်မှာ ကယ်ဆယ်အပြီး ကယ်ဆယ်ရေး စက်ယန္တရားတွေကို ဖယ်အပြီးမှာ ပြန်ဖွင့်လိုက်တဲ့ ဂူရှိရာကို နိုဝင်ဘာ ၂ ရက်က ရာနဲ့ချီတဲ့ လူတွေ ရောက်လာခဲ့ပါတယ်။ လည်ပတ်သူများလွန်းလို့ တကြိမ်မှာ လူအယောက် ၃၀ ပဲဝင်ဖို့ အာဏာပိုင်တွေက ကန့်သတ်ခဲ့ရပါတယ်။ ကယ်ဆယ်ရေးဟာ အံ့သြစရာဖြစ်ပြီး ယောက်ျားလေးတွေဟာ အမှောင်ထဲ သီတင်းပတ် ၃ ပတ်လောက် နေခဲ့ရပေမယ့် အသက်ရှင်ခဲ့တာ ကံကောင်းတယ်လို့ ထိုင်းတောင်ပိုင်း ဆုန်ခလာ ခရိုင်က လာရောက်လည်ပတ်သူ အသက် ၇၅ နှစ်အရွယ် ဧည့်သည် တယောက်က ပြောပါတယ်။ တောဝက်ရိုင်း ဘောလုံးအသင်းက နည်းပြနဲ့ ယောက်ျားလေး ၁၂ ယောက်ဟာ ချင်းရိုင်ခရိုင် ထမ်းလွမ်ဂူတွေထဲကို လေ့လာဖို့ ဇွန်လ ၂၃ ရက်က ဝင်သွားခဲ့တာပါ။  သူတို့ဝင်အပြီး မကြာခင် မိုးကြီးပြီး တောင်ကျရေတွေ ဂူထဲဝင်လာခဲ့တဲ့အတွက် လမ်းတွေ ရေအောက် ရောက်ကုန်လို့ မြေအောက်လိုဏ်ဂူထဲမှာ ပိတ်မိနေခဲ့ကြပါတယ်။ သူတို့ဟာ ကျောက်စက်ရေတွေကို သောက်ရင်း ၉ ရက်ကြာ အသက်ရှင်နေခဲ့တာပါ။ သူတို့ကို  ပြန်ရှာတွေ့ပြီး ဇူလိုင် ဆယ်ရက်မှာမှ ကယ်ထုတ်နိုင်ခဲ့ပါတယ်။
2 years Ago
Up