ထပ်မံ ကျဆင်း

February 29, 2020

ကိုရိုနာဗိုင်းရပ်စ်ဂယက်ကြောင့် ဥရောပစတော့ရှယ်ယာများ ထပ်မံကျဆင်း

၂၀၀၈ ဘဏ္ဍာရေးအကျပ်အတည်းနောက်ပိုင်း အကြီးမားဆုံး စတော့ရှယ်ယာကျဆင်းမှုအဖြစ် ဥရောပစတော့ရှယ်ယာတွေ ဖေဖော်ဝါရီ ၂၈ ရက်က ထပ်မံ ကျဆင်းခဲ့ပါတယ်။  တရုတ်နိုင်ငံပြင်ပမှာ ကိုရိုနာဗိုင်းရပ်စ် အလျင်အမြန် ဗိုင်းရပ်စ်ပျံ့နှံ့နေတာက တစ်ကမ္ဘာလုံး စီးပွားရေးကျစေမှု ဖြစ်စေခဲ့ပြီး ရင်းနှီးမြှုပ်နှံသူတွေဟာလည်း စိုးရိမ်နေကြပါတယ်။  ဥရောပစတော့ရှယ်ယာတွေဟာ  ၂ ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းပြီး အမေရိကနဲ့ အာရှဈေးကွက်တွေနဲ့အတူ   မကြာသေးခင်ကျဆင်းမှုထက် ၁၀ ရာခိုင်နှုန်း ကျဆင်းခဲ့တာပါ။   သတ္တုတွင်းလုပ်ငန်း၊ ခရီးသွားနဲ့ အပန်းဖြေ စတော့နဲ့ နည်းပညာတွေ အကြီးမားဆုံး ကျဆင်းခဲ့ပြီး ၃ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့ပါတယ်။  အရင်းအနှီးဈေးကွက် သုတေသန အကြီးအကဲက ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူတွေ ငွေသိပ်မသုံးတော့ဘူးလို့ ပြောပါတယ်။  “မော်တော်ကားတို့၊ ပရိဘောဂတို့လို ဈေးကြီးတဲ့ ဝယ်ယူတာမျိုး မလုပ်တော့ဘူး။ အခြေအနေတွေ ဘယ်လိုဖြစ်မှန်းမသိလို့ ကုမ္ပဏီတွေကလည်း ရင်းနှီးမြှုပ်နှံတာမျိုး မလုပ်တော့ဘူး” လို့ သူက ပြောခဲ့ပါတယ်။  ဂျာမနီ BASF ဓာတုကုမ္ပဏီကလည်း ဗိုင်းရပ်စ် ဖြစ်ပွါးတာက ဝယ်သူဝယ်လိုအားကို ဖိနှိပ်ထားတာမို့ ဒီနှစ်အတွင်း ဝင်ငွေ ထပ်မံကျဆင်းနိုင်တယ်လို့ သတိပေးထားပါတယ်။   ဖရန့်ဖတ်မြို့မှာတော့ စတော့အညွန်းကိန်းဟာ ၅ ဒသမ ၁ ရာခိုင်နှုန်း ဝန်းကျင် ကျဆင်းခဲ့ပါတယ်။ ပထမနဲ့ ဒုတိယ သုံးလပတ်အတွင်း ဂျာမနီနဲ့တခြားနိုင်ငံတွေမှာ  စီးပွားရေးကျဆင်းမယ်လို့ ဘားဒါဘဏ် သုတေသီက ခန့်မှန်းပြောကြားခဲ့ပါတယ်။
1 year Ago
Up