ထပ်ပေ

A d v e r t i s e m e n t With Us

April 11, 2020

ကိုရိုနာကာကွယ်ရေးအစီအစဉ်များ စောစီးစွာရုပ်သိမ်းလျှင် သေဆုံးမှုများ ထပ်ပေါ်နိုင်ဟု WHO သတိပေး

ကိုရိုနာဗိုင်းရပ်စ် လော့ဒေါင်းအစီအမံတွေကို စောစောစီးစီးရုပ်သိမ်းလိုက်ပါက လူအသေအ ပျောက်များတဲ့ ကူးစက်မှု တဖန်ပြန်ပေါ်လာနိုင်တယ်လို့  ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO အကြီးအကဲ က ဧပြီလ ၁၀ ရက်မှာ သတိပေးလိုက်ပါတယ်။  ကမ္ဘာ့နိုင်ငံတွေအနေနဲ့ စီးပွားရေး သက်ရောက်မှုကို ရင်ဆိုင်ဖြေရှင်းနေရချိန်မှာပဲ ကန့်သတ်ချက်တွေကို ဖြေလျှော့ရာမှာ သတိကြီးကြီးထားဖို့ လိုအပ်တယ်လို့ WHO အကြီးအကဲ ဂတ်ဘရေအီးဆပ်စ်က ပြောခဲ့ပါတယ်။  ဥရောပမှာ ကိုရိုနာဗိုင်းရပ်စ် အဆိုးဆုံးခံစားရတဲ့ အီတလီနဲ့ ဗြိတိန် နှစ်နိုင်ငံစလုံးက   လော့ဒေါင်းအစီအမံကို ဆက်လုပ်နေချိန်မှာပဲ တချို့အစီအမံတွေကို ဖြေလျှော့ပေးနေတာပါ။ ဂျနီဗာမှာ ပြုလုပ်တဲ့ ဗွီဒီယိုကွန်ဖရင့်အတွင်း  ဒေါက်တာ ဂတ်ဘရီအီးဆပ်စ်က ဥရောပနိုင်ငံတချို့မှာ  ကူးစက်မှု နှေးကွေးလာတယ်လို့ ပြောခဲ့ပါတယ်။  ကန့်သတ်မှုတွေ ဖြေလျှော့ပေးတဲ့ မဟာဗျူဟာကို ဖော်ဆောင်ရာမှာ WHO အနေနဲ့ ကမ္ဘာ့နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ပြောခဲ့ပြီး  ဖြေလျှော့တာကို အဆောတလျင် မလုပ်သင့်ဘူးလို့ WHO အကြီးအကဲက ပြောခဲ့ပါတယ်။  ကူးစက်မှု ကျဆင်းတာကို  မှန်မှန်ကန်ကန် မစီမံနိုင်ရင်  ကူးစက်မှု မြင့်တက်သလိုပဲ အန္တရာယ်ရှိတယ်လို့ ဒေါက်တာ ဂတ်ဘရီအီးဆပ်စ်က ပြောခဲ့ပါတယ်။    ဧပြီလ ၁၀ ရက်အထိ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာတဝှမ်းသေဆုံးသူ တစ်သိန်း တစ်ထောင်ရှိလာပြီး ကူးစက်သူ တစ်သန်းခြောက်သိန်းကျော်  ရှိတယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။ 
11 months Ago
Up