ထပ်တိုး

A d v e r t i s e m e n t With Us

July 31, 2020

နိုင်ငံခြားသားများ မြန်မာပြည်ဝင်ရောက်ခွင့်ပိတ်ပင်ထားမှု ဩဂုတ် ၃၁ ရက်အထိ ထပ်တိုး 

မြန်မာနိုင်ငံကို လာရောက်မယ့် နိုင်ငံခြားသားခရီးသွားတွေအတွက် ပြည်ဝင်ခွင့် ယာယီ ကန့်သတ်ထားတဲ့ အစီအမံတွေ အားလုံးကို ဩဂုတ် ၃၁ ရက်အထိ ထပ်ပြီး တိုးမြှင့်လိုက်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ကိုဗစ်-၁၉ ရောဂါ ပြည်ပကနေ ဝင်ရောက်လာနိုင်တာနဲ့ ကူးစက်ပြန့်ပွားနိုင်တဲ့ အန္တရာယ်ကနေ မြန်မာပြည်သူတွေကို ကာကွယ်စောင့်ရှောက်ပေးနိုင်ဖို့အတွက် ထိရောက်တဲ့ အစီအမံတွေကိုဆက်လက်ချမှတ် ဆောင်ရွက်နိုင်ဖို့ရှေးရှုပြီး  တိုးမြှင့်လိုက်တာလို့ ဇူလိုင် ၃၀ ရက်မှာ ထုတ်ပြန်လိုက်တာပါ။ ဒါပေမဲ့ အရေးပေါ် အစိုးရတာဝန်နဲ့ဖြစ်စေ၊ မလွှဲမရှောင်သာတဲ့ ကိစ္စတွေကြောင့်ဖြစ်စေ၊ ပြည်ပနိုင်ငံသား သံတမန်တွေနဲ့ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်း ဝန်ထမ်းတွေအနေနဲ့ မြန်မာနိုင်ငံသို့ ပျံသန်းပြေးဆွဲမယ့် ကယ်ဆယ်ရေးလေယာဉ်တွေ၊ အထူးလေယာဉ်တွေနဲ့ လာရောက်ဖို့ရှိရင် ဗီဇာအကန့်အသတ်တွေကနေ ကင်းလွတ်ခွင့်ရဖို့ သက်ဆိုင်ရာနိုင်ငံတွေက မြန်မာသံရုံးတွေကို အကူအညီတောင်းခံနိုင်တယ်လို့ ဆိုပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကူးစက်တာ ကာကွယ်နိုင်ရေးအတွက် ကမ္ဘာ့နိုင်ငံအားလုံးကနေ မြန်မာနိုင်ငံ ကို လာရောက်မယ့် ခရီးသွားတွေကို ပြီးခဲ့တဲ့ မတ်လကတည်းက ပြည်ဝင်ခွင့်ဗီဇာတွေ ပိတ်ထားပြီး သက်တမ်း အကြိမ်ကြိမ် ထပ်ထပ်တိုးနေတာ ဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံအသီးသီးမှ မြန်မာနိုင်ငံကိုလာရောက်ကြမယ့် နိုင်ငံခြားသားတွေကို ဆိုက်ရောက်ဗီဇာ၊ အီလက်ထရောနစ်ဗီဇာ၊ ဗီဇာကင်းလွတ်ခွင့်နဲ့  လူမှုရေးဗီဇာ အပါအဝင် ပြည်ဝင်ခွင့်ဗီဇာ အမျိုးအစားအားလုံးကိုလည်း ထုတ်ပေးသေးဘဲ ယာယီရပ်ဆိုင်းထားပါတယ်။ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရတဲ့ အတည်ပြုလူနာ အရေအတွက် ဇူလိုင် ၃၁ ရက်အထိ ၃၅၃ ဦးနဲ့ သေဆုံးသူ ၆ ဦးရှိပြီး အများစုဟာ ပြည်ပနိုင်ငံကနေ ပြန်လာသူတွေ ဖြစ်ပါတယ်။ 
7 months Ago

July 17, 2020

ဆူလာဝေဆီကျွန်း ရေကြီးမြေပြိုမှု သေဆုံးသူ ၃၀ ကျော်အထိ ထပ်တိုးလာ 

အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေဆီကျွန်းမှာ ရေကြီးမြေပြိုတာကြောင့်   အယောက်  ၃၀ ထက် မနည်းသေဆုံးပြီး  ရာနဲ့ချီ  အိုးအိမ်စွန့်ခွာခဲ့ရတယ်လို့ အာဏာပိုင်တွေက  ဇူလိုင်လ ၁၆   ရက်မှာ  ပြောပါတယ်။ ပျောက်ဆုံးသူတွေ ရှိနေချိန်မှာပဲ မြောက်လူဝူခရိုင်မှာ  ကယ်ဆယ်ရေးဝန်ထမ်းတွေက ရွှံ့နွံ ထဲမှာ  အသက်ရှင်သူတွေကို ဆက်ရှာဖွေနေပါတယ်။  ဇူလိုင်လ  ၁၃  ရက်က   မိုးကြီးပြီးနောက်  ရေကြီးတာတွေ ဖြစ်ခဲ့ပြီး  အနီးဝန်းကျင် မြစ် ၃ခုမှာ ရေကြီး ရေလျှံခဲ့ကာ  ဒေသခံ ၄၀၀၀ ကျော် ရေကြီးဒဏ်ကို ခံစားခဲ့ရပါတယ်။ အင်ဒိုနီးရှားနိုင်ငံဟာ အထူးသဖြင့် မိုးကာလမှာ ရေကြီးမြေပြိုတာကို  ကြုံရလေ့ရှိပြီး    သစ်တောခုတ်တာတွေကြောင့် မကြာခဏဆိုသလို  အခြေအနေ ပိုဆိုးရွားလေ့ရှိတယ်လို့ ရိုက်တာ က ဖော်ပြပါတယ်။ 
8 months Ago
More News
Up