ထပ်မံတွေ့ရှိ

October 22, 2017

Y8 လေယာဉ်ကိုယ်ထည်အစိတ်အပိုင်း ထပ်မံတွေ့ရှိ

ကမ်းဝေးငါးဖမ်းလှေတစီးဟာ ထားဝယ်မြစ်အတွင်း Y8 ပျက်ကျ လေယာဉ်ရဲ့ ကိုယ်ထည်အစိတ်အပိုင်းတွေကို ဒီနေ့ မနက်ပိုင်းက  ထပ်မံတွေ့ရှိခဲ့တယ်လို့ အပျက်အစီးကို တွေ့ရှိတဲ့ ကမ်းဝေးငါးဖမ်းလှေလုပ်သားတဦးက ပြောပါတယ်။ “လေယာဉ်အစိတ်ပိုင်း တခုလို့ပဲ သိရတယ်။ ဘာတွေမှန်းတော့ မသိဘူး တွေ့ရှိတာက အခြား ငါးဖမ်းလှေတစီးက ငါးဖမ်းပိုက်မှာ ငြိတွယ်ပြီးပါလာတာပါ”လို့ ကမ်းဝေးငါးဖမ်းလှေမှ လှေလုပ်သား ကိုမြင့်စိုးက ပြောဆိုပါတယ်။ “ကျနော်တို့က လေယာဉ်ပျက်ကျ အစိတ်အပိုင်းက ငါးဖမ်းလှေမှာ တွယ်ငြိပါလာတာပါ။ အခု ဘယ်ကို ပို့ရမှန်း မသိဘူး ဖြစ်နေတယ်”လို့ ကိုမြင့်စိုးက ဆက်လက်ပြောဆိုပါတယ်။ လူပေါင်း ၁၂၂ ယောက် လိုက်ပါခဲ့တဲ့ Y-8 လေယာဉ်ဟာ ဇွန် ၇ ရက်နေ့က မြိတ်ကနေ ရန်ကုန်ကို ပျံသန်းရင်း ပျက်ကျခဲ့တာဖြစ်ပါတယ်။ သတင်း - ဇော်ဇော် (မြိတ်)
4 years Ago

September 1, 2017

အကြမ်းဖက်သမားများနယ်မြေတွင် WFP တံဆိပ်ပါဘီစကစ်များ ထပ်မံတွေ့ရှိ

ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ARSA အစွန်းရောက်အကြမ်းဖက်သမားနယ်မြေမှာ  အကြမ်းဖက်အဖွဲ့တွေရဲ့ အသုံးအဆောင်တွေနဲ့အတူ နိုင်ငံတကာ အဖွဲ့အစည်းတချို့ရဲ့ ထောက်ပံ့ကူညီရေးပစ္စည်းတွေ ထပ်မံတွေ့ရှိခဲ့တယ်လို့ အစိုးရ သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်ပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ သြဂုတ် ၃၁ ရက်နေ့ မွန်းတည့် ၁၂ နာရီမှာ အလယ်သံကျော် ဗိုလ်မှူးကျေးရွာအတွင်း နယ်မြေရှင်းလင်းစဉ် အဒူလာ ခေါ် နူမာလာကိန်းရဲ့ နေအိမ်အတွင်းမှ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) တံဆိပ်ပါ ဘီစကစ်ဖာ ၄ဝ၊ ပြောက်ကျားစစ်ဖိနပ်လည်တို ၁၇ ရန်၊ ခြေအိတ်စုံ ၄ဝ၊ ဓားရှည် ၁ လက်၊ ARSA အစွန်းရောက်အကြမ်းဖက်သမား ဝတ်စုံအင်္ကျီ နှစ်ထည်နဲ့ ဘောင်းဘီ သုံးထည်တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။ သြဂုတ် ၂၈ ရက် မနက်ပိုင်းကလည်း နယ်မြေရှင်းလင်းစဉ် ကျီးကျွန်းကင်းစခန်းရဲ့ တောင်ဘက်ရှိ တဲငယ်ခြောက်လုံးမှာ အကြမ်းဖက်သမားတွေ နေထိုင်ခဲ့တဲ့ အနေအထားတွေနဲ့အတူ WFP မှ ထောက်ပံ့ထားတဲ့ စွမ်းအားပြည့် ဘီစကစ်မုန့်နဲ့ အထုပ်ခွံတွေ၊ အချိုရည်ဘူးခွံတွေ တွေ့ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် ကိုးတန်ကောက် ကျေးရွာအနီး တောင်ခြေမှာ တွေ့ရှိတဲ့ အကြမ်းဖက်သမားတွေ ဝှက်ထားတဲ့ ဆာလာအိတ်တွေထဲက ကျည်ဆန်၊ လက်လုပ်မိုင်း၊ ဆက်စပ်ပစ္စည်းတွေနဲ့အတူ USAID တံဆိပ်ပါ ဆန် ၁ အိတ်နဲ့ WFP တံဆိပ်ပါ ဆန် ၁ အိတ်တို့ကို တွေ့ရှိခဲ့တယ်လို့ သတင်းထုတ်ပြန်ရေးကော်မတီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အခုလို အကြမ်းဖက်သမားတွေ ခိုအောင်းလှုပ်ရှားရာနေရာတွေမှာ ထောက်ပံ့ရေးပစ္စည်းတွေ တွေ့ရှိတာဟာ နိုင်ငံတကာအဖွဲ့အစည်းတွေက အကြမ်းဖက်သမားတွေကို ထောက်ပံ့ပေးတယ်လို့ ရည်ညွှန်းတာမဟုတ်ကြောင်းနဲ့ ဒီပစ္စည်းတွေ အကြမ်းဖက်သမားတွေထံ ရောက်ရှိနေမှုကို ဆက်လက်စုံစမ်းသွားမယ်လို့လည်း ထုတ်ပြန်ချက်က ဆိုပါတယ်။
4 years Ago
Up