ထပ်မံတွေ့ရှိ

July 25, 2019

ရေနံ​ချောင်းမြို့နယ်၌  စက်​​လှေနစ်​မြုပ်​ ​ပျောက်​ဆုံး​နေသူ ၈ ဦး၏ အလောင်း ထပ်မံတွေ့ရှိ

မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်မှာ ဧရာဝတီမြစ်အတွင်း စက်လှေတစင်း တိမ်းမှောက်လို့  လူ ၁၀ ဦးသေဆုံးကာ ၃၀ ကျော် ပျောက်ဆုံးနေရာမှာ ဒီနေ့ ည​နေအထိ အ​လောင်း ၈ လောင်း ထပ်မံရှာ​ဖွေ​တွေ့ရှိပြီဖြစ်ပါတယ်။ ​ရေနံ​ချောင်းမြို့နယ်​က ကန်​သာရွာသစ်​နဲ့ ဖရဲကျွန်း​ကျေးရွာနှစ်ရွာအကြား ​မြေ​နေရာ အငြင်းပွားမှုနဲ့ ပတ်သက်ပြီး ရွာသားတွေ အပြန်​အလှန်​ပြဿနာဖြစ်​ပြီးနောက်  ဖရဲကျွန်း​ကျေးရွာ ​တောင်​ဘက်​ ဧရာဝတီမြစ်​​​ရေပြင်​မှာ စက်​​လှေနစ်​မြုပ်​ခဲ့တာပါ။ ဒီနေ့ ည​နေပိုင်းအထိ အလောင်း ၈ ကို ​ရေနံ​ချောင်း အ​နောက်​ဘက်​ ဧရာဝတီမြစ်​ တ​လျှောက်​ ​နေရာအသီးသီးက ​တွေ့ရှိထားပြီး ​မျောပါ​နေ​တဲ့ အ​လောင်း ၁ ​​လောင်းကို​တော့ ကယ်ဆယ်ရေးအဖွဲ့တွေက လိုက်လံဆယ်ယူနေပါတယ်။ ရှာ​ဖွေ​တွေ့ရှိ​တဲ့အ​လောင်းတွေကို ဖရဲကျွန်း​ကျေးရွာ ​တောင်​ဘက်​ ​ရေစပ်​အနီးမှာပဲ ရဲစစ်​ချက်​ ဆရာဝန်​စစ်​ချက်​တွေ ချက်​ခြင်း​ဆောင်​ရွက်​ပြီး အဆိုပါ​နေရာ လယ်​ကွင်းပြင်​မှာ မီးသင်္ဂြိုဟ်ဖို့  ​ဆောင်​ရွက်​​နေတယ်​လို့ ​ဒေသခံတွေက ပြောပါတယ်​။ စက်လှေနစ်မြုပ်မှုကြောင့် ဖရဲကျွန်းရွာမနဲ့ ဖရဲကျွန်း တပ်​ပိုး ​ကျေးရွာ​နေ လူ ၃၉ ဦး​ပျောက်​​နေပြီး ဇူလိုင်​ ၂၄ ရက်​ ရှာ​ဖွေကယ်​ဆယ်​​ရေး လုပ်​တဲ့အချိန်​မှာ​တော့ ကျား(၈)ဦးမ(၂)ဦး စုစုပေါင်း အ​လောင်း​ ၁၀လောင်း တွေ့ပြီး အသက်​ရှင်​သူ​  ၂ဦးရှိတယ်လို့ ဇူလိုင်​ ၂၃ ရက်​​အထိ သိရတဲ့ ပျောက်​ဆုံးစာရင်းအရ သိရပါတယ်။ ​ပျောက်​ဆုံးနေသူ ၂၇ ဦးကို မြို့နယ်​မီးသတ်​၊ ရဲတပ်​ဖွဲ့ဝင်​တွေနဲ့ ကြက်​​ခြေနီတပ်​ဖွဲ့တွေ  ​ဝေဠု​ကျော်​ ​ဖောင်​​ဒေးရှင်းအဖွဲ့လည်း လာ​ရောက်​ကူညီ ရှာ​ဖွေ​ပေးနေတယ်လို့ သိရပါတယ်။ သတင်း- ကိုလင်း(​ချောက်​)
2 years Ago
Up