ထပ်မံတရားစွဲ

February 24, 2018

ကလေး ၁၃ ဦးအား နှိပ်စက်သည့် လင်မယားကို ပြစ်မှုအသစ်များဖြင့် ထပ်မံတရားစွဲ

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မှာ ကလေး ၁၃ ဦးကို အကျဉ်းချထားတဲ့ လင်မယားနှစ်ယောက်ကို ဖေဖော်ဝါရီ ၂၃ ရက်နေ့မှာ ပြစ်မှုအသစ်တွေနဲ့ ထပ်မံတရားစွဲဆိုထားတယ်လို့ စွပ်စွဲခံရဲ့ ရှေ့နေက ပြောပါတယ်။ ဒေးဗစ် တာပင်(၅၇ နှစ်) နဲ့ ဇနီးဖြစ်သူ လူဝီစ်(၄၉ နှစ်)  တို့နှစ်ဦးဟာ ကလေးငယ်သုံးဦးကို အလွှဲသုံးစားပြုကျင့်မှုနဲ့ ပုဒ်မအသစ်တိုးခဲ့သလို နှိပ်စက်ညှဉ်းပန်းမှုပုဒ်မနဲ့လည်း တာပင်ကို တရားစွဲထားတယ်လို့ ရှေ့နေရုံး  ပြောရေးဆိုခွင့်ရှိသူတဦးက ပြောပါတယ်။ တာပင်ကို သက်ဆိုင်ရာက ကယ်လီဖိုးနီးယားပြည်နယ် ပါရစ်မြို့မှာ ဇန်န၀ါရီ ၁၂ ရက်နေ့က ဖမ်းဆီးခဲ့တာပါ။ ချုပ်လှောင်ခံထားရတဲ့ ဆယ်ကျော်သက်မိန်းကလေး တဦးက ပြတင်းပေါက်က ကျော်တက်ပြီး ရဲကို အကြောင်းကြားခဲ့ရာက တာပင်တို့ လင်မယားကို သက်ဆိုင်ရာက ဖမ်းဆီးနိုင်ခဲ့ပါတယ်။ တာပင်ရဲ့အိမ်မှာ သက်ဆိုင်ရာကို ဖုန်းဆက်အကြောင်းကြား သူ့ရဲ့ မောင်နှမတွေဖြစ်တဲ့ အသက် ၂ နှစ် က ၂၉ နှစ်ကြား မွေးချင်း ၁၂ယောက်ကို တွေ့ရှိခဲ့ကြပါတယ်။ ခုခံ လျှောက်လဲသူ နှစ်ယောက်လုံးကို တရားရုံး စီရင်ချက် မပြီးမချင်း ထောင်ထဲမှာ ထိန်းသိမ်းထားဖို့နဲ့ ကလေးတွေနဲ့ ဆက်ဆံထိတွေ့တာ မလုပ်ဘဲ တားမြစ်ထားဖို့ အမိန့် ချထားပါတယ်။ အစိုးရ ရှေ့နေတွေက သက်သေတွေ အများအပြားတွေ့ထားလို့ အမှုတည်ဆောက်နေတဲ့ အတွက် ကနဦးတရားရုံး ကြားနာမှုကို မေလထဲမှာ လုပ်နိုင်မယ်လို့ မျှော်လင့်ထားပါတယ်။ တာပင် ဇနီးမောင်နှံကို နောက်တကြိမ် အမှုတွဲရုံးချိန်းအတွက် မတ်လ ၂၃ ရက်နေ့မှာ ဆင့်ခေါ်ထားပါတယ်။
3 years Ago

December 10, 2017

အဓမ္မကျင့်ခံရသည့် အိန္ဒိယအမျိုးသမီး အူဘာကုမ္ပဏီကို ထပ်မံတရားစွဲ

အိန္ဒိယနိုင်ငံမှာ အူဘာဒရိုင်ဘာတဦးရဲ့ အဓမ္မပြုကျင့်ခံခဲ့ရသူ အမျိုးသမီးက သူမရဲ့ ဆေးမှတ်တမ်းကို ကုမ္ပဏီရဲ့ အကြီးအကဲတွေက မသင့်တော်တဲ့နည်းလမ်းနဲ့ ရယူခဲ့တယ်လို့ စွပ်စွဲပြီး ကုမ္ပဏီကို အမေရိကန်နိုင်ငံမှာ ထပ်မံတရားစွဲခဲ့ပါတယ်။ ဒီအမှုကို ဖြေရှင်းဖို့ အူဘာကုမ္ပဏီက သဘောတူလိုက်တယ်လို့ ဘီဘီစီသတင်းမှာ ဒီဇင်ဘာလ ၉ ရက်နေ့က ဖော်ပြထားပါတယ်။ သတင်းတွေအရ ၂၀၁၄ ခုနှစ်ကတည်းက ဖြစ်ခဲ့တဲ့ အဓမ္မပြုကျင့်မှုပြီးနောက် အမေရိကန်နိုင်ငံ တက်ဆက်ပြည်နယ်ကို ပြောင်းရွှေ့နေထိုင်နေတဲ့ အဓမ္မပြုကျင့်ခံရသူ အိန္ဒိယအမျိုးသမီးက အခုအမှုကို စွဲခဲ့တာဖြစ်ပြီး ကုမ္ပဏီက အာဏာပိုင်တွေကတော့ သူမရဲ့အမှုကို သံသယရှိနေကြပါတယ်။ အမှုဖြစ်စဉ်မှာ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလက အသက် ၂၆ နှစ်အရွယ် ဒေလီမြို့နေ အမျိုးသမီးက အူဘာကားမောင်းသမား ရှစ်ဗ်ကူးမားရာဒက်ဗ်ဟာ သူမကို ပြန်ပေးဆွဲ မုဒိမ်းကျင့်ခဲ့တဲ့အတွက် တရားစွဲဆိုခဲ့တာလို့ ဆိုပါတယ်။ အမှုကျူးလွန်သူ အူဘာဒရိုင်ဘာကိုလည်း ၂၀၁၅ ခုနှစ်မှာ တသက်တကျွန်း ထောင်ဒဏ် ချမှတ်ခဲ့ပြီးပါပြီ။ ဒါပေမယ့် အူဘာကုမ္ပဏီက သူမရဲ့တိုင်တန်းချက်အပေါ် စုံစမ်းမှုတွေလုပ်တယ်၊ သူမရဲ့ ဆေးမှတ်တမ်း မိတ္တူတွေ ယူတယ်ဆိုတဲ့ မှတ်တမ်းတွေ ထွက်လာပြီးတဲ့နောက် သူမက အမေရိကန်နိုင်ငံမှာ ကုမ္ပဏီကို ထပ်မံတရားစွဲခဲ့တာပါ။ သူမက အူဘာကုမ္ပဏီဟာ သူမရဲ့ ကိုယ်ရေးကိုယ်တာကို ဖောက်ဖျက်ပြီး သူမရဲ့ ကိုယ်ကျင့်တရားကိုလည်း အသရေဖျက်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။ ကုမ္ပဏီဘက်က တရားစွဲမှုကို ဖြေရှင်းဖို့ သဘောတူပေမယ့် ဖြေရှင်းမယ့် အချိန်ကာလကိုတော့ မဖော်ပြထားပါဘူး။ အူဘာကုမ္ပဏီရဲ့ စီအီးအိုအသစ် ဒါရာခိုစရိုရှာဟီက အရှုပ်အထွေးတွေနဲ့ တရားစွဲဆိုခံနေရတဲ့ကုမ္ပဏီရဲ့ ပုံရိပ်ကောင်းအောင် ကြိုးစားနေရတယ်လို့လည်း သိရပါတယ်။
3 years Ago
Up