ထန်းပင်သပိတ်

May 27, 2021

မြင်းခြံတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ထန်းပင်သပိတ်ပြုလုပ်

မန္တလေးတိုင်း၊ မြင်းခြံခရိုင်မှာ  လူငယ်တွေဦးဆောင်ပြီး စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ အနေနဲ့ ရွှေခြံမြေ ထန်းပင်သပိတ်ကို မေလ ၂၇ ရက်နေ့က ပြုလုပ်ခဲ့ကြပါတယ်။ 

စစ်အာဏာရှင်ကိုဆန့်ကျင်တာက အန်အယ်လ်ဒီပါတီကို ထောက်ခံနေတာမဟုတ်ဘဲ အာဏာရှင်လက်အောက်မှာ ကျွန်မခံချင်တာကြောင့် ဆန့်ကျင်နေတာဖြစ်တယ်လို့ လူငယ်တွေက ပြောပါတယ်။ 

အခုလိုဆန့်ကျင်မှုကို အာဏာသိမ်းစစ်ကောင်စီက အကြမ်းဖက် လက်နက်အားကိုးနဲ့ ပြည်သူတွေကို သတ်လိုက သတ်နိုင်ကြောင်းနဲ့ ထီးဖြူးဆောင်းတဲ့မင်းကိုသာ သစ္စာခံမှာဖြစ်ပြီး သူပုန်မင်းကို မခစားနိုင်ဘူးလို့လည်း ဆန္ဒပြလူငယ်တွေက ပြောဆိုပါတယ်။ 

6 months Ago
Up