ထန်းတပင်

May 23, 2021

ထန်းတပင် ကျဆုံးပြည်သူအတွက် လက်တုံ့ပြန်မည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ပြော

မနေ့က ပဲခူးတိုင်း ထန်းတပင်မြို့မှာ စစ်ကောင်စီတပ်တွေက ပစ်ခတ်လို့ ပြည်သူတစ်ယောက် ကျဆုံးပြီး တစ်ယောက်ဒဏ်ရာရတဲ့အပေါ် လက်တုံ့ပြန်သွားမယ်လို့ ထန်းတပင်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ပြောပါတယ်။

မေ ၂၁ ရက်က စစ်တပ်နဲ့ သူတို့လက်ပါးစေ ပျူစောထီးတွေဟာ စာသင်ကျောင်းတွေနဲ့ ကျေးရွာတွေမှာ တပ်စွဲထားခဲ့ပြီး ညနေ ၆ နာရီကနေ မနက် ၆ နာရီအထိ အပြင်မထွက်ဖို့ ကန့်သတ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီကြားထဲမှာပဲ မေ ၂၂ ရက် ည ၉ နာရီလောက်က မိုင်တဲတာဝါတိုင်တခုနဲ့ရပ်ကွက်တချို့မှာ ပေါက်ကွဲတာတွေဖြစ်ခဲ့ပြီး ဒါဟာ စစ်ကောင်စီလက်ချက်ဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က စွပ်စွဲပါတယ်။

ဒီပေါက်ကွဲတာတွေဖြစ်ပြီးနောက် စစ်ကောင်စီ တပ်တွေဟာ မြို့ပေါ်ရပ်ကွက်တွေမှာ သေနတ်နဲ့ပစ်ခတ်ခဲ့ပြီး ပြည်သူတစ်ယောက်ကျဆုံး၊ တစ်ယောက် ဒဏ်ရာ အပြင်းအထန်ရခဲ့ပါတယ်။

ကျဆုံးသွားသူကတော့ ထန်းတပင်မြို့ အောင်သုခ ရပ်ကွက်နေ အသက် ၄၈ နှစ်အရွယ် ဦးမျိုးသန့်ထွေးဖြစ်ပြီး သူ့မှာ ဇနီးနဲ့ သမီး ၂ ယောက်ကျန်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒဏ်ရာရသူကိုတော့ လုံခြုံတဲ့နေရာမှာ ကုသပေးနေတယ်လို့ ဆိုပါတယ်။

ကျဆုံးသွားတဲ့ပြည်သူအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ချိတ်ဆက်ပြီး လက်တုံ့ပြန်သွားမယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

6 months Ago

May 22, 2021

ထန်းတပင်မြို့နယ်က ပေါက်ကွဲမှုများ စစ်ကောင်စီတပ်လက်ချက်ဟု PDF ထုတ်ပြန်

ထန်းတပင်မြို့နယ်မှာဖြစ်ခဲ့တဲ့ ပေါက်ကွဲမှုတွေဟာ စစ်ကောင်စီတပ်တွေရဲ့ လက်ချက်ဖြစ်တယ်လို့ ထန်းတပင် PDF က ထုတ်ပြန်ပါတယ်။ 

ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်ရှိတဲ့နေရာတွေကို ရှောင်ကြဖို့ကိုလည်း သတိပေးထားပါတယ်။

ထန်းတပင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (HPDF) အဖွဲ့အစည်းအပေါ် ပြည်သူတွေ အထင်မှား မုန်းတီးအောင် ထန်းတပင်မြို့နယ်တွင်း နေရာအနှံ့အပြားမှာ ဖောက်ခွဲမှုတွေကို စစ်ကောင်စီတပ်တွေက တမင်ရည်ရွယ် ပြုလုပ်ခဲ့ကြတာလို့ ဆိုပါတယ်။

HPDF အနေနဲ့ တရားဝင်အစိုးရဖြစ်တဲ့ NUG ရဲ့ မူဝါဒတွေနဲ့အညီ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ကာကွယ်စောင့်ရှောက်ဖို့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်း ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

6 months Ago
Up