ထန်းတက်တောင်သူ

July 14, 2021

ဆိပ်ဖြူမြို့နယ်၌ ထန်းတက်တောင်သူ ၁ ဦးကို နယ်မြေခံရဲက ပစ်သတ်

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်က ဒေသခံ ထန်းတက်တဲ့ အမျိုးသားတစ်ယောက်ကို ဇူလိုင် ၁၂ ရက်နေ့မှာ နယ်မြေခံရဲက သေနတ်နဲ့ ပစ်သတ်လိုက်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဆိပ်ဖြူမြို့နယ် သရက်ပင်ကျေးရွာက ထန်းတက်တောင်သူ ဦးလွန်းမောင်ကို နယ်မြေခံရဲတွေက အကြောင်းမဲ့ သေနတ်နဲ့ ပစ်သတ်သွားတာလို့ ဒေသခံတစ်ယောက်က ဒီဗွီဘီကိုပြောပါတယ်။

သေဆုံးသူ ဦးလွန်းမောင်ရဲ့အလောင်းကို ကန်ဇွန်းမ တိုက်နယ်ဆေးရုံကို သယ်သွားကြပြီးတော့ ရွာသစ်သင်္ချိုင်းမှာ  သင်္ဂြိုဟ်မယ်လို့ သိရပါတယ်။

7 months Ago
Up