ထန်တလန်မြို့

October 20, 2019

ထန်တလန်မြို့တွင် အင်အား ၄ ဒသမ ၅ အဆင့်ရှိ မြေငလျင်လှုပ်ခတ်

ချင်းပြည်နယ် ထန်တလန်မြို့မှာ မနေ့ညက အင်အား ၄ ဒသမ ၅ အဆင့်ရှိ မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။ အောက်တိုဘာ ၁၉ ရက်နေ့၊ မြန်မာစံတော်ချိန် ၂၀ နာရီ၊ ၀၅ မိနစ်၊ ၃၇ စက္ကန့်အချိန်မှာ ထန်တလန်မြို့ရဲ့ အနောက်တောင်ဘက် ၁၆ မိုင် ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၂.၅၀ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၃.၂၇ ဒီဂရီ၊ အနက် ၂၄ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး ၄ ဒသမ ၅ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တခု လှုပ်ရှားသွားတယ်လို့ ဆိုပါတယ်။
2 years Ago
Up