အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ပါဆာဒီးနားမြို့မှာ ထန်းတက်သမားတဦးဟာ အောက်တိုဘာ ၂၆ ရက်နေ့က မြေပြင်မှ ၂၅ ပေအမြင့်ရှိ ထန်းပင်ပေါ် ထန်းလက်တွေနဲ့ညပ်ပြီး ပိတ်မိနေခဲ့လို့ ကယ်ဆယ်ရေးအဖွဲ့တွေက ကယ်တင်ခဲ့ရပါတယ်။
ထန်းလက်တွေက သူ့ကိုထိုးခဲ့ပြီး ကြားမှာညပ်ကာ ပိတ်မိနေခဲ့တာ ဖြစ်တယ်လို့ ပါဆာဒီးနား မီးသတ်ဌာနက ပြောပါတယ်။
ထန်းလက်တွေကြားမှာ ပိတ်မိပြီး ညပ်နေတဲ့ အဲဒီလူကို ကယ်ဆယ်ရေးသမားတွေက ထန်းလက်တွေကို ခွာထုတ်ရှင်းလင်းဖို့ အချိန်တနာရီလောက်ကြာခဲ့ပြီး သူဟာ လေထဲမှာ တွဲလောင်းကျနေခဲ့တယ်လို့ ဒေသတွင်း သတင်းမီဒီယာတွေက ဆိုပါတယ်။
သစ်ပင်ပေါ်က ကယ်ဆယ်ပြီးချိန်မှာတော့ သူ့ကို ဆေးရုံခေါ်ဆောင်သွားခဲ့ပြီး စိုးရိမ်ရတဲ့ အခြေအနေ မရှိဘူးလို့ အန်ဘီစီသတင်းမှာ ဖော်ပြပါတယ်။
5 years Ago