ထန်းကုန်း ၂

September 26, 2018

အာကာသယာဉ် ကမ္ဘာပတ်လမ်းထဲမှ ဘေးကင်းစွာ ထွက်ခွာမည်ဟု တရုတ်ပြော

တရုတ်နိုင်ငံရဲ့ တခုတည်းသော အာကာသဓာတ်ခွဲယာဉ် ထန်းကုန်း ၂ ဟာ ၂၀၁၉၊ ဇူလိုင်လမှာ ထိန်းချုပ်မှုနဲ့ ကမ္ဘာပတ်လမ်းထဲကနေ ဘေးကင်းကင်းနဲ့ ထွက်ခွာမယ်လို့ တရုတ်အာကာသအင်ဂျင်နီယာတွေက စက်တင်ဘာ ၂၆ ရက်မှာပြောပါတယ်။ ၂၀၁၆၊ စက်တင်ဘာလလယ်မှာ စတင်လွှတ်တင်လိုက်တဲ့ ထန်းကုန်း ၂ ဟာ သတ်မှတ် သက်တမ်း ၂ နှစ်တွင်း စီစဉ်ထားတဲ့ လေ့လာရေးတွေအားလုံးကို လုပ်ခဲ့ပြီးဖြစ်ပါတယ်။ အခုတော့ အာကာသဓာတ်ခွဲယာဉ်ဟာ လက်တွေ့စမ်းသပ်မှုတွေကို အဓိကထား လုပ်တော့မှာဖြစ်ပါတယ်။ ဒါ့ပြင် လူ့အသိုင်းအဝိုင်းအတွက် အကျိုးရှိမယ့် အာကာသဆိုင်ရာ အသုံးပြုဖွယ်အသစ်တွေကို စမ်းသပ်သွားမယ်လို့ တရုတ်အာကာသအင်ဂျင်နီယားရင်းရုံး ဒုတိယညွှန်မှူး လင်းရှီချန်က ပြောပါတယ်။ လက်ရှိမှာ အကောင်းပတိအတိုင်း လည်ပတ်နေသေးတဲ့ ထန်းကုန်း ၂ အာကာသဓာတ်ခွဲယာဉ်ဟာ ကမ္ဘာပတ်လမ်းကနေ ချော်သွားတာတောင် ပတ်လမ်းထဲပြန်ရောက်ပြီး ကမ္ဘာမြေကို ဘေးကင်းကင်း ပြန်ဆင်းနိုင်မယ့် အရေးပေါ်စနစ်တွေ တပ်ဆင်ထားတယ်လို့ ယာဉ်ရဲ့အင်ဂျင်နီယာချုပ်က ပြောထားပါတယ်။
3 years Ago
Up