ထင်းတန်းလမ်း

April 26, 2021

ပခုက္ကူမြို့မြိုင်လမ်းနှင့် ထင်းတန်းလမ်း ၂ နေရာတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား

ပခုက္ကူမြို့ မြိုင်လမ်းနဲ့ ထင်းတန်းလမ်း ၂ နေရာမှာ ဧပြီလ ၂၆ ရက်နေ့ နေ့လယ်ပိုင်းလောက်က လက်လုပ်ဗုံးပေါက်ကွဲမှုဖြစ်ပွားတာကြောင့် အကြမ်းဖက်စစ်ကောင်စီက လုံခြုံရေးတင်ကြပ်ထားတယ်လို့ သိရပါတယ်။

ပခုက္ကူ မြို့မလမ်းနဲ့ ထင်းတန်းလမ်းဆုံ ယာဥ်ထိန်းရဲကင်းနားမှာ တစ်လုံးနဲ့ မြိုင်လမ်း ၈လမ်းနဲ့ ၉ လမ်းကြားက လမ်းအလယ်အုတ်ခုံမှာ တစ်လုံး ပေါက်ကွဲခဲ့ပြီးတော့ ထိခိုက်ဒဏ်ရာရရှိသူမရှိဘူးလို့ ပခုက္ကူမြို့ခံတစ်ဦးက ပြောပါတယ်။

မြို့ခံအများစုခန့်မှန်းတာကတော့ အကြမ်းဖက်စစ်ကောင်စီရဲ့ အဖွဲ့ဝင်တွေ ရှေ့တန်းမသွားချင်တာကြောင့် ပခုက္ကူမြို့မှာလည်း ပေါက်ကွဲမှုရှိတယ်ဆိုပြီး မငြိမ်မသက်တဲ့ အနေထားမျိုးဖြစ်အောင် လုပ်ကြံဖန်တီးတာဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ပခုက္ကူမြို့မှာ အကြမ်းဖက်စစ်ကောင်စီက ပစ်ခတ်ခဲ့လို့ ၅ ဦးထက်မနည်းသေဆုံးခဲ့ပြီး ဖမ်းဆီးထိန်းသိမ်းခံရတဲ့သူ ရာဂဏန်းထိရှိတယ်လို့ ပြောပါတယ်။

3 weeks Ago
Up