ထင်လင်းဦး

April 2, 2015

ဦးထင်လင်းဦး ပြစ်မှုကျူးလွန်ခြင်းမရှိကြောင်း တရားရုံးတွင် ထုခြေ

သာသာနာညှိုးနွမ်းစေမှု အပါအ၀င် ပုဒ်မ ၂ ခုနဲ့ တရားစွဲခံရတဲ့ စာရေးဆရာ ထင်လင်းဦးကို ဒီကနေ့ ချောင်းဦးမြို့နယ် တရားရုံးမှာ ထပ်မံရုံးထုတ်ပြီး သူ့ကို စွဲထားတဲ့အမှုနဲ့ပတ်သက်ပြီး တရားရုံးမှာ ထုခြေတယ်လို့ သူ့အမှုအတွက် လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက ပြောပါတယ်။ “ကျနော်တို့ကတော့ အဓိက အားဖြင့် အချက် ၃ ချက်ပေါ့နော်။ ပထမအချက်ကတော့ ကိုထင်လင်းဦးပြောပြတဲ့အချက်တွေက ဟောပြောချက်တွေကို အခြေပြုခဲ့တာက  ကျီးသဲလေး ထပ်ဆရာတော်ဘုရားကြီးရဲ့ ဇိနတ္ထပကာသနီ ဗုဒ္ဓ၀င်ကိုအခြေပြုတယ်။ နောက်တခါ ဂန္ဓာရုံဆရာတော်ဘုရားကြီး ရှင်ဇနကာဘိဝံသရဲ့ အနာဂတ်သာသနာကျမ်းကို အခြေပြုပြီးတော့ မြတ်စွာဘုရားရဲ့ မေတ္တာသုတ်တို့ကို အခြေပြုပြီးပြောတယ်ဆိုတာကို ကျနော်တို့ ထုချေတယ်။ နောက် ကျနော်တို့က ဖွဲ့စည်းပုံအခြေခံဥပဒေအရလွတ်လပ်စွာပြောကြားခွင့်ရှိတယ်၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း အရလည်း မိမိသဘောထားတွေကို လွတ်လပ်စွာ ပြောကြားခွင့်ရှိတဲ့အတွက် ဒီအချက် ၃ ချက်အရ ကျနော်တို့မှာ အပြစ်မရှိဘူးလို့ ထုချေတယ်။” ဒီနေ့ရုံးချိန်ဟာ ၁၃ ကြိမ်မြောက်ရုံးချိန်းဖြစ်ပြီး လာမယ့်ဧပြီလ ၈ ရက်နေ့မှာ ရုံးပြန်ချိန်းဆိုတယ်လို့ ဦးသိန်းသန်းဦးက ပြောပါတယ်။ ဆရာထင်လင်းဦးဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၂၃ ရက် စစ်ကိုင်းတိုင်း မုံရွာခရိုင် ချောင်းဦးမြို့နယ် သုံးပန်လှကျေးရွာ စာပေဟောပြောပွဲမှာ ဟောပြောချက်နဲ့ပတ်သက်လို့ ဘာသာသာသနာ ယုံကြည်မှုကို စော်ကားမှု ပုဒ်မ ၂၉၅ (က)၊ ဘာသာရေးကို စိတ်နာစေရန် တမင်ကြံရွယ် စကားပြောဆိုမှု ပုဒ်မ ၂၉၈ တွေနဲ့ တရားစွဲဆိုခဲ့ရတာဖြစ်ပါတယ်။ ဒီအမှုကိုအာမခံလျှောက်ခဲ့ပေမယ့် ပယ်ချခြင်းခံရပါတယ်။ ဇန်န၀ါရီလ ၁၅ ရက်နေ့ သူရဲ့ရုံးချိန်းတုန်းကလည်း  ချောင်းဦးမြို့မှာရှိတဲ့ သံဃာတော် အပါ ၃၀ လောက်ကို ပင့်ဖိတ်ပြီး သံဃာတော်တွေကို တောင်းပန်ခဲ့သလို  သံဃာတော်တွေကလည်း ကျေနပ်အသိအမှတ်ပြုတယ်လို့ ပြောဆိုခဲ့ပါတယ်။ [gallery ids="88114,88115,88116"]
7 years Ago

March 17, 2015

စာရေးဆရာ ထင်လင်းဦးကို သာသနာညှိုးနွမ်းစေမှုဖြင့် စွဲချက်တင် (ရုပ်သံ)

စာရေးဆရာ ထင်လင်းဦးကို  သာသနာညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅ (က)၊ တခြားသူများ ကိုးကွယ်ယုံကြည်ရာ ဘာသာကို ပုတ်ခတ် ပြောဆိုမှု ပုဒ်မ၂၉၈တို့နဲ့ ချောင်းဦးတရားရုံးက မတ် ၁၇ ရက်မှာ စွဲချက်တင်လိုက်ပါတယ်။ အရင်တပတ်က စွဲချက်တင်သင့်မသင်တင် လျောက်လဲချက်ပေးခဲ့ပြီးတဲ့နောက် တရားရုံးက စွဲချက် အမိန့်ချမှတ် လိုက်တာ ဖြစ်တယ်လို့ ရှေ့နေ ဦးသိန်းသန်းဦးက ပြောပါတယ်။ မတ် ၂၄ ရက်ကျရင် တရားလိုပြ သက်သေနဲ့ ပြန်ခေါ်သက်သေတွေကို စွပ်စွဲခံထားရတဲ့ ဦးထင်လင်းဦး ရှေ့နေက ပြန်လည် စစ်ဆေးရမှာ ဖြစ်ပါတယ်။ စာရေးဆရာ ထင်လင်းဦးရဲ့ဇနီး ဒေါ်စောစန္ဒာကတော့ “သူတို့ စွဲဆိုချက်အတိုင်းကို ဖြေရှင်းရမှာပဲ၊ တကယ်လို့ ကိုယ့်ဘက်က တရားဥပဒေ စိုးမိုးမှု မရှိဘူး၊  ဦးထင်လင်းဦးကို ချမယ်ဆိုရင်လည်း အမတို့ကတော့ ဒါကို ရင်ဆိုင်ရမှာဘဲ”လို့  ပြောပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၃ ရက် စစ်ကိုင်းတိုင်း မုံရွာခရိုင် ချောင်းဦးမြို့နယ် သုံးပန်လှကျေးရွာ စာပေဟောပြော ပွဲမှာ  ဦးထင်လင်းဦးရဲ့ ဟောပြောချက်နဲ့ပတ်သက်လို့ သာသနာ ညိုးနွမ်းစေ တယ်ဆိုပြီး သူကို ဖမ်းဆီး စွဲချက် တင်ခဲ့တာ ဖြစ်ပါတယ်။ စာရေးဆရာထင်လင်းဦး အနေနဲ့  ဇန်န၀ါရီလ ၁၅ ရက်နေ့က  ချောင်းဦးမြို့နယ်မှာ သံဃာတော်တွေကို အခမ်းအနားနဲ့  ၀န်ချတောင်းပန်ခဲ့ရာမှာ  သံဃာတော်တွေကလည်း ကျေနပ် အသိအမှတ်ပြုထယ်လို့ မိန့်ကြားထားပြီး ဖြစ်ပါတယ်။
7 years Ago
Up