ထက်ဝက်သာ ကောက်ခံတော့မည်

A d v e r t i s e m e n t With Us

May 31, 2020

နိုင်ငံတဝန်း လမ်းတံတား ၈၆ ခုတွင် ဖြတ်သန်းခ ထက်ဝက်သာ ကောက်ခံတော့မည်

ဖြတ်သန်းခကောက်ခံနေတဲ့ တနိုင်ငံလုံးက လမ်းနဲ့တံတားတွေထဲက ၈၆ ခုကို ဖြတ်သန်းခ ထက်ဝက်ပဲ ကောက်ခံမယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက ကြေညာပါတယ်။ လာမယ့်ဇွန် ၁ ရက်ကနေ နိုဝင်ဘာ ၃၀ ရက်အထိ ၆ လကြာ ဖြေလျော့ကောက်ခံသွားမယ်လို့ ဆိုပါတယ်။ နိုင်ငံပိုင်တံတား ၆၂ စင်းနဲ့ ဌာနကနေ ငွေကောက်ခံနေတဲ့ လမ်းဂိတ် ၂၄ ခုကို လျှော့ပေးလိုက်တာ ဖြစ်ပါတယ်။ ကရင်ပြည်နယ်က တံတား ၄ စင်း၊ စစ်ကိုင်းတိုင်းက တံတား ၇ စင်း၊ တနင်္သာရီတိုင်းက တံတားနဲ့ လမ်းဂိတ် ၄ ခု၊ ပဲခူးတိုင်းက တံတားနဲ့ လမ်းဂိတ် ၁၄ ခု၊ မကွေးတိုင်း တံတားနဲ့ လမ်းဂိတ် ၁၄ ခု၊ မန္တလေးတိုင်းက တံတားနဲ့ လမ်းဂိတ် ၁၃ ခု၊ မွန်ပြည်နယ်က တံတားနဲ့ လမ်းဂိတ် ၉ ခု၊ ရှမ်းပြည်နယ် တောင်ပိုင်းက တံတားနဲ့ လမ်းဂိတ် ၆ ခု၊ ရှမ်းပြည်နယ် မြောက်ပိုင်းက တံတားနဲ့ လမ်းဂိတ် ၃ ခု၊ ဧရာဝတီတိုင်းက တံတားနဲ့ လမ်းဂိတ် ၁၂ ခုတို့ ဖြစ်ပါတယ်။
9 months Ago
Up