တရုတ်နိုင်ငံ၊ ရှန်စီးပြည်နယ်က ထိုင်ယွမ် Taiyuan ဂြိုဟ်တုလွှတ်တင်ရေး စခန်းကနေ Long March အမှတ် ၆ ဒုံးပျံကို စက်တင်ဘာ ၂၀ ရက်နေ့ မနက်ပိုင်းက လွှတ်တင်လိုက်ပါတယ်။
ဒုံးပျံဟာ အသေးစားဆက်သွယ်ရေးဂြိုလ်တုအလုံး ၂၀ သယ်ဆောင်သွားပြီး အများစုဟာ အာကာသနည်းပညာသစ်တွေနဲ့ ထုတ်လုပ်မှုအသစ်တွေကို စမ်းသပ်ဖို့လို့ ဆိုပါတယ်။
Long March အမှတ် ၆ ဒုံးပျံဟာ လောင်စာရည် သိုလှောင်ခန်း အဆင့် ၃ ဆင့်ပါဝင်ပြီး အသေးစားဆက်သွယ်ရေးဂြိုဟ်တုတွေကို ထပ်ဆင့်လွှတ်တင်ဖို့ ဖြစ်ပါတယ်။
အခုလွှတ်တင်လိုက်တဲ့ ဒုံးပျံဟာ Long March ဒုံးပျံပစ်လွှတ်မှုစီးရီးထဲမှာ ၂၁၀ အစင်းမြောက် လွှတ်တင်မှုဖြစ်ပါတယ်။
5 years Ago