တရုတ် ၁- ၀ မြန်မာ

May 27, 2018

နိုင်ငံတကာခြေစမ်းပွဲ တရုတ် ၁- ၀ မြန်မာ (ရုပ်သံဟိုက်လိုက်)

တရုတ်နိုင်ငံမှာ    မနေ့ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ နိုင်ငံတကာခြေစမ်းပွဲမှာ တရုတ်လက်ရွေးစင်အသင်းက မြန်မာ့လက်ရွေးစင် အသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားပါတယ်။ မြန်မာအသင်း နည်းပြ     အန်တွမ်နီဟေးက မိမိကစားသမားတွေရဲ့ စွမ်းဆောင်မှုကို အပြည့်အ၀ ကျေနပ်အားရကြောင်း၊ တရုတ်အသင်းလို အာရှထိပ်တန်းအသင်း တသင်းကို စနစ်တကျ ကစားနိုင်ခဲ့တဲ့အတွက် ဂုဏ်ယူမိကြောင်း ပွဲအပြီး ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။ "ဒီနေ့ ခြေစမ်းပွဲက အသင်းရလဒ်အတွက်တော့ ဘာမှပြောစရာ မရှိပါဘူး။ ကျနော့် ကစားသမားတွေရဲ့ စွမ်းဆောင်မှုနဲ့ ရလဒ်ကို အပြည့်အ၀ အားရကျေနပ်သလို ရလဒ်အတွက်လည်း ၀မ်းနည်းခြင်း မရှိပါဘူး။ ဒီခြေစမ်းပွဲကနေ ကျနော်တို့ အများကြီး အတွေ့အကြုံကောင်းတွေ ရခဲ့သလို တန်ဖိုးရှိတဲ့ ခြေစမ်းပွဲလည်း ဖြစ်ခဲ့ပါတယ်။ တရုတ်လက်ရွေးစင်အသင်းဟာ အာရှရဲ့ ထိပ်တန်းအသင်းကြီးတသင်းပါ။ နာမည်ကျော်ပြီး ပြည့်စုံကြွယ်ဝတဲ့ လိဂ်ပြိုင်ပွဲနဲ့ ကလပ်အသင်းတွေက ကစားသမားကောင်းတွ နဲ့ဖွဲ့စည်းထားတဲ့အသင်းကို ကျနော်တို့ အကောင်းဆုံး တုံ့ပြန်ကစားနိုင်ခဲ့ပါတယ်။ ချေပဂိုးဖြစ်စေမယ့် တန်ပြန် ဖန်တီးမှုတွေလည်း ဒုတိယပိုင်းမှာ ရရှိခဲ့ပါသေးတယ်။ ဒီနေ့ ခြေစမ်းပွဲက နှစ်သင်းစလုံးအတွက် အကောင်းဆုံး ခြေစမ်းပွဲတပွဲဖြစ်ခဲ့ပါတယ်။" အလားတူ အသင်းခေါင်းဆောင် ဇော်မင်းထွန်းကလည်း ပြိုင်ဘက်ကစားသမားတွေဟာ လျင်မြန်ပြီး နည်းစနစ် ကျွမ်းကျင်စွာ ကစားနိုင်ကြတဲ့ ကစားသမားများဖြစ်လို့ ခက်ခက်ခဲခဲ ယှဉ်ပြိုင်ခဲ့ရကြောင်း၊ အတွေ့အကြုံကောင်းတွေ ရရှိခဲ့ပြီး မြန်မာအသင်းအတွက် တန်ဖိုးရှိသော ခြေစမ်းပွဲတစ်ပွဲ ဖြစ်ခဲ့ကြောင်း၊ ကျောနံပါတ် (၇) (၁၀) (၁၇) အစရှိတဲ့ ကစားမားတွေမှာ တရုတ် အသင်းအတွက် အကောင်းဆုံးကစားသွားကြကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
4 years Ago
Up