တရုတ် မြန်နှုန်းမြင့်ရထားအရှိန် တနာရီ ကီလိုမီတာ ၃၅၀ နှုန်းထိ တိုးမြှင့်မည်

August 21, 2017

တရုတ် မြန်နှုန်းမြင့်ရထားအရှိန် တနာရီ ကီလိုမီတာ ၃၅၀ နှုန်းထိ တိုးမြှင့်မည်

တရုတ်အစိုးရဟာ ဘေကျင်း-ရှန်ဟိုင်း မြန်နှုန်းမြင့်ရထားရဲ့ အရှိန်ကို စက်တင်ဘာလက စပြီး တနာရီကို ၃၅၀ ကီလိုမီတာနှုန်းထိ တိုးမြှင့်မယ်လို့ တရုတ် ရထားကော်ပိုရေးရှင်းက သြဂုတ် ၂၀ ရက်မှာ ပြောပါတယ်။ တရုတ်ရဲ့ နောက်ဆုံးပေါ် လျှပ်စစ်ကျည်ဆန်ရထား ဖူရှင်း (Fuxing) အမျိုးအစား ရထား ၇ စီးဟာ စက်တင်ဘာ ၂၁ ရက်က စပြီး တနာရီကို ၃၅၀ ကီလိုမီတာနှုန်းနဲ့ ခုတ်မောင်းမယ်၊ ဒါကြောင့် ခရီးသွားချိန် ၄ နာရီခွဲထိ လျော့ကျသွားမှာဖြစ်လို့ လက်ရှိအချိန်ထက် နာရီဝက် ပိုမြန်သွားမယ်လို့ ကြေညာချက်က ဆိုပါတယ်။ ဖူရှင်းရထားတွေဟာ အမြင့်ဆုံးအရှိန် တနာရီ ကီလို ၄၀၀ ထိ မောင်းနှင်နိုင်ဖို့ ပုံစံထုတ်ထားတာပါ။ လက်ရှိ ဘေကျင်း-ရှန်ဟိုင်း ရထားလိုင်းမှာ တနာရီကို ကီလိုမီတာ ၃၀၀ နှုန်းနဲ့ မောင်းနှင်နေတာ ဖြစ်ပါတယ်။
4 years Ago
Up