တရုတ် ခွေးသားဟင်းပျော်ပွဲစားပွဲတော်

July 18, 2015

ကုန်း-ရေ နှစ်လမ်းသွား တရုတ် ကယ်ဆယ်ရေးလေယာဉ် (ရုပ်သံ)

တရုတ်နိုင်ငံက ပထမဆုံး တည်ဆောက်နေတဲ့ ကုန်းနဲ့ရေ နှစ်လမ်းသွား ကယ်ဆယ်ရေးလေယာဉ် ကိုယ်ထည်ဆက်လုပ်ငန်းတွေဟာ ဇူလိုင် ၁၇ ရက်နေ့က ပြီးစီးသွားပြီဖြစ်တဲ့အတွက် လေယာဉ်အပြီးသတ် ထုတ်လုပ်ရေး ပိုမိုနီးစပ်လာပြီလို့ စက်ရုံအာဏာပိုင်တွေက ပြောဆိုပါတယ်။ ပထမဆုံး တရုတ်နိုင်ငံရဲ့ အရေးပေါ်ကယ်ဆယ်ရေးလေယာဉ်ဖြစ်လာမယ့် AG600 လေယာဉ်ကို နိုင်ငံတောင်ပိုင်းက ဂွန်ဒေါင်းပြည်နယ်မှာ တည်ဆောက်နေတာပါ။ တရုတ်နိုင်ငံရဲ့ ပထမဆုံးကုန်တင်လေယာဉ်ကြီး Y-20 နဲ့ ပထမဆုံး ခရီးသည်တင်လေယာဉ်ကြီး C919 နဲ့ တချိန်တည်း ထုတ်လုပ်နေတာပါ။ AG600 ကယ်ဆယ်ရေးသုံး လေယာဉ်ကို တောမီးငြိမ်းသတ်ရေးလုပ်ငန်းတွေနဲ့ ပင်လယ်ရေကြောင်း အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် အဓိက ရည်ရွယ်တည်ဆောက်တာလို့ တရုတ်လေကြောင်းစက်မှုလုပ်ငန်းဌာနရဲ့ အထွေထွေမန်နေဂျာ ကပြောဆိုပါတယ်။ ဒီလေယာဉ်ကို ကီလိုမီတာ ၅ ထောင်အကွာအဝေး ပျံသန်းနိုင်အောင် ထုတ်လုပ်ထားတာပါ။ တောင်တရုတ်ပင်လယ်ထဲက တရုတ်ပိုင် Zengmu ကျွန်းနဲ့ ပြည်မကြီးက အနီးဆုံးဆိပ်ကမ်းရဲ့ အကွာအဝေး ကီလို ၂၄၀၀ ကို သက်သက်သာသာ ပျံသန်းနိုင်အောင် ဒီလေယာဉ်ကို ထုတ်လုပ်ထားတာကြောင့် တရုတ်နိုင်ငံအတွက် တကယ်ကို အထောက်အကူဖြစ်မယ့် လေယာဉ်လို့လည်း တရုတ်လေကြောင်း စက်မှုလုပ်ငန်း အထွေထွေမန်နေဂျာက ပြောပါတယ်။
6 years Ago

June 24, 2015

တရုတ်တွင် နှစ် ၃၀ သက်တမ်းလွန် အသားများ တွေ့ရှိ

၁၉၇၀ ပြည့်နှစ် နောက်ပိုင်းက ထုတ်လုပ်ခဲ့တဲ့ နှစ် ၃၀ သက်တမ်းလွန်နေတဲ့ အသားတွေကို တရုတ်ရဲတွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဇွန်လအတွင်း ခရိုင် ၁၄ ခုမှာ အသားတွေ မှောင်ခိုတင်သွင်းတဲ့ ဂိုဏ်း ၂၁ ခုကို တရုတ်ရဲတပ်ဖွဲ့က ၀င်ရောက်ရှာဖွေရာမှာ အခုလို တွေ့ရှိခဲ့တာလို့ တရုတ်စားသုံးသူ စီမံခန့်ခွဲရေးအဖွဲ့ကို ကိုးကားပြီး တရုတ် စီစီတီဗွီသတင်းက ရေးပါတယ်။ အမေရိကန် ဒေါ်လာ ၄၈၃ သန်း တန်ဖိုးရှိတဲ့ အအေးခံထားတဲ့ အသား မက်ထရစ်တန်ချိန် ၁ သိန်းကျော်ကို စစ်ဆေးတွေ့ရှိခဲ့တယ်လို့ သတင်းမှာ ဆိုပါတယ်။ ဒီအသားတွေထဲမှာ ကြက်ခြေထောက်၊ အမဲသားနဲ့ ၀က်သားတွေ ပါဝင်နေသလို ရက်လွန်နေတဲ့ အသားတွေကို ဓာတုပစ္စည်းနဲ့ အရောင်ချွတ်ဆေးတွေ အသုံးပြုပြီး  လတ်ဆတ်တယ်လို့ စားသုံးသူတွေထင်အောင် လုပ်ဆောင်ထားတာ တွေ့ရှိရတယ်လို့ ရေးပါတယ်။ အကျိုးအမြတ်များများရတဲ့ အသားတွေကို တခြားနိုင်ငံတွေကနေ ဈေးပေါပေါနဲ့ဝယ်ယူ ရေခဲရိုက်ပြီး ဟောင်ကောင်ကို ပို့တယ်လို့ ဆိုပါတယ်။ ဒီနောက် ဗီယက်နမ်နယ်စပ်က ဒေသခံတွေကို မှောင်ခိုပို့ဆောင်ပေးဖို့ ငှားရမ်းပြီး တရုတ်ပြည်မကို တင်သွင်းတာ ဖြစ်ပါတယ်။ ခရီးစရိတ်သက်သာစေဖို့ သက်တမ်းလွန်အသားတွေကို တင်သွင်းရာမှာ ဗင်ကားတွေကို အသုံးပြုတယ်လို့ ဆိုပါတယ်။ တရုတ်ကို ဆယ်စုနှစ်များစွာ သက်တမ်းလွန်နေတဲ့ အသားတွေ တင်သွင်းတာကို တားမြစ်ဖို့ နိုင်ငံတ၀န်း ကြီးကြပ်ရေးကွန်ရက်တွေ ဖွင့်လှစ်ဖို့နဲ့ နယ်စပ်ဒေသမှာ ထိန်းချုပ်ရေးတွေ လုပ်ဆောင်ဖို့ ကျွမ်းကျင်သူတွေက အဆိုပြုနေပါတယ်။
6 years Ago
Up