တရုတ်-အမေရိကန်

May 12, 2019

တရုတ်-အမေရိကန် နှစ်နိုင်ငံကုန်သွယ်ရေး ဆွေးနွေးပွဲ ကျင်းပရန် သဘောတူ

တရုတ်နဲ့ အမေရိကန် ၂ နိုင်ငံ ကုန်သွယ်ရေး ဆွေးနွေးပွဲတွေကို တရုတ်မြို့တော် ပေကျင်းမှာ ဆက်ပြီးကျင်းပဖို့ သဘောတူခဲ့တယ်လို့ တရုတ်ဒုဝန်ကြီးချုပ် လျိုဟော့က မေလ ဆယ်ရက်မှာ ပြောလိုက်ပါတယ်။ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ကလည်း တရုတ်နိုင်ငံက လက်ကျန် တင်ပို့ကုန် အားလုံးအပေါ် ထပ်ဆောင်းခွန် ကောက်ခံရေး လုပ်ငန်းစဖို့ သူ့ရဲ့ ကုန်သွယ်ရေး အကြီးအကဲကို အမိန့်ချလိုက်ပါတယ်။ အမေရိကန်-တရုတ် ကုန်သွယ်ရေး သဘောတူညီချက်ရဖို့ အကောင်းမြင်ထားတယ်လို့ လျိုဟော့က ပြောပေမယ့် တရုတ်က နောက်ဆုတ်မပေးနိုင်တဲ့ စည်းမျဉ်းကိစ္စတွေ ရှိနေတယ်လို့ လည်း ပြောပါတယ်။ ပေကျင်းမှာ ဆွေးနွေးပွဲတွေ ဆက်ကျင်းပမယ်လို့ ပြောပေမယ့် အသေးစိတ်ကိုတော့ လျိုဟော့က မပြောခဲ့ပါဘူး။ အမေရိကန်က တရုတ်အပေါ် ကုန်သွယ်ရေးစစ်ပွဲကို သောကြာနေ့မှာ အရှိန်မြှင့်ခဲ့တာပါ။ ဆွေးနွေးပွဲတွေက တိုးတက်မှုမရှိခဲ့လို့ ထရမ့်က ထပ်ဆောင်းခွန်ကို ပိုတိုးမြှင့်ဖို့ အမိန့်ထုတ်ခဲ့ပါတယ်။ ဒါကြောင့် တရုတ်တင်ပို့ကုန် အမေရိကန် ဒေါ်လာဘီလီယံ ၃၀၀ ဖိုးအပေါ် ထပ်ဆောင်းခွန် ကောက်ခံမယ်လို့ အမေရိကန်ကုန်သွယ်ရေး ကိုယ်စားလှယ် ရောဘတ်လိုက်သီဇာက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
2 years Ago

March 8, 2018

တရုတ်-အမေရိကန် ကုန်သွယ်စစ်ပွဲဆင်နွှဲခြင်း အဖြေမှန်မဟုတ်ဟု တရုတ် ပြော

တရုတ်နဲ့အမေရိကန်နိုင်ငံတို့ကြား ကုန်သွယ်စစ်ပွဲဆင်နွှဲနေတာဟာ မှန်ကန်တဲ့ အဖြေမဟုတ်ခဲ့ဘူးလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ၀မ်ယီက မတ် ၈ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။ တရုတ်-အမေရိကန် ကုန်သွယ်မှု ပဋိပက္ခတွေအကြောင်း သတင်းထောက်တွေက မေးခွန်းမေးမြန်းချိန်မှာ ၀န်ကြီးက အခုလိုပြောလိုက်တာပါ။ တရုတ်နိုင်ငံခြားရေးဝန်ကြီး ၀မ်ယီက “ကုန်သွယ်မှု စစ်ပွဲဆင်နွှဲနေတာက ဘယ်တုန်းကမှ အဖြေမဖြစ်ဘူးဆိုတာကို သမိုင်းက ကျနော်တို့ကို သင်ပေးထားတယ်လို့ ကျနော် ပြောချင်ပါတယ်။ ကူးလူးဆက်နွှယ်နေတဲ့ ကမ္ဘာမှာ ကုန်သွယ်စစ်ပွဲဖြစ်ဖို့ ရွေးချယ်တာက မထောက်ခံအပ်တဲ့ နည်းလမ်းပါ။ ရလဒ်က နှစ်ဖက်စလုံးကို ထိခိုက်စေမှာပါ။ တရုတ်နိုင်ငံကတော့ လိုအပ်တဲ့ တုံ့ပြန်မှုကို ခိုင်ခိုင်လုံလုံ လုပ်သွားပါမယ်။ ကမ္ဘာမှာ စီးပွားရေး အကြီးဆုံးနိုင်ငံတွေ ဖြစ်လို့ တရုတ်နိုင်ငံနဲ့ အမေရိကန်နိုင်ငံတို့ရဲ့ အကျိုးစီးပွားတွေဟာ နက်နက်ရှိုင်းရှိုင်း ဆက်နွှယ်နေပါတယ်။ နိုင်ငံသူနိုင်ငံသားတွေအတွက်တင် မဟုတ်ဘဲ ကမ္ဘာကြီး ကောင်းကျိုးအတွက်ကို တာဝန်ယူနေရတာလည်း တရုတ်နဲ့ အမေရိကန်နိုင်ငံတို့ပါပဲ။ နှစ်ဖက်စလုံးဟာ စားပွဲဝိုင်းမှာထိုင်ပြီး အတူတူ အပြုသဘောဆောင် ဆွေးနွေးဖို့ နှစ်ဖက်အကျိုးရှိစေအောင် လုပ်ဆောင်ဖို့ ကျနော်တို့ မျှော်လင့်နေတုန်းပါပဲ” လို့ ၀န်ကြီးက ပြောကြားသွားပါတယ်။
3 years Ago
Up