တရုတ် အနောက်မြောက်ဒေသတွင် သဲမုန်တိုင်း တိုက်ခတ်

A d v e r t i s e m e n t With Us

March 4, 2016

တရုတ် အနောက်မြောက်ဒေသတွင် သဲမုန်တိုင်း တိုက်ခတ် (ရုပ်သံ)

တရုတ်နိုင်ငံ အနောက်မြောက်ဒေသထဲက ရှင်ဂျင်း ၀ီဂါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ မတ်လ ၃ ရက်နေ့က သဲမုန်တိုင်းဒဏ်ကို ခံလိုက်ရပါတယ်။ သဲမုန်တိုင်း ၀င်ရောက်တဲ့ ဒေသထဲက မူလတန်းကျောင်းတွေ၊ အလယ်တန်းကျောင်းတွေကို ပိတ်ခဲ့ရသလို ရထားခရီးစဉ်တွေကိုလည်း မွန်းတည့်ချိန်ကနေ ည ၇ နာရီအထိ ရပ်ဆိုင်းထားခဲ့ရပါတယ်။ သဲတွေသယ်လာတဲ့ မုန်တိုင်းဟာ တစက္ကန့်မှာ မီတာ ၃၀ ကျော် တိုက်ခတ်တယ်လို့ မိုးလေ၀သဌာနက ဆိုပါတယ်။ မုန်တိုင်းဝင်တဲ့နေရာတွေဆီကို ကားတွေ မသွားမိအောင် ယာဉ်ထိန်းရဲတွေက စစ်ဆေးရေးဂိတ်တွေ ဖွင့်ပြီး တားဆီးခဲ့ရပါတယ်။
5 years Ago
Up