တရုတ်နိုင်ငံမှာ ကျင်းပနေတဲ့ အမျိုးသမီးဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ အဖွင့်ပွဲစဉ်အဖြစ် ဇန်နဝါရီ ၁၉ ရက်က မြန်မာအမျိုးသမီးအသင်းနဲ့ ယူကရိန်းလက်ရွေးစင် အမျိုးသမီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာအသင်းက ၄ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။
ယူကရိန်းအသင်းဟာ ပထမပိုင်းမှာ ၃ ဂိုးနဲ့ ပွဲပြီးခါနီး ၁ ဂိုးသွင်းယူခဲ့တာ ဖြစ်ပါတယ်။
ဒီပြိုင်ပွဲမှာ အိမ်ရှင် တရုတ်အသင်း အပါအဝင် မြန်မာ၊ ယူကရိန်းနဲ့ ထိုင်းအသင်းတို့ ပါဝင်ယှဉ်ပြိုင်ကြတာပါ။
မြန်မာအမျိုးသမီးအသင်းဟာ ၂၀၁၇ ခုနှစ်အတွင်း အာရှပြိုင်ပွဲနဲ့ အာဆီယံပြိုင်ပွဲတွေ ကစားဖို့ရှိပြီး အဲဒီပြိုင်ပွဲတွေမှာ အောင်မြင်မှုရဖို့နဲ့ နိုင်ငံတကာပြိုင်ပွဲ အတွေ့အကြုံရဖို့အတွက် တရုတ်ဖိတ်ခေါ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်တာ ဖြစ်ပါတယ်။
မြန်မာအမျိုးသမီးအသင်းဟာ လာမယ့် ဇန်နဝါရီ ၂၁ ရက်မှာ တရုတ်အမျိုးသမီး လက်ရွေးစင်အသင်း၊ ဇန်နဝါရီ ၂၄ ရက်မှာ ထိုင်းအမျိုးသမီး လက်ရွေးစင်အသင်းတို့နဲ့ ဆက်လက် ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။
6 years Ago