တရုတ် ရထားလမ်း

September 17, 2017

တရုတ် ရထားလမ်း ဥမင်ပြိုကျ၊ နာရီ ၅၀ ကြာ ပိတ်မိနေသူများကို ကယ်တင် (ရုပ်သံ)

by dvburma တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် ဆစ်ဆောင်ပနား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသထဲမှာ ရထားလမ်းဥမင် ပြိုကျခဲ့ပြီး အထဲမှာ နာရီ ၅၀ ကျော်ကြာ ပိတ်မိနေတဲ့ ဆောက်လုပ်ရေး လုပ်သားတွေကို ကယ်ဆယ်ရေးသမားတွေက ကယ်ထုတ်နိုင်ခဲ့ပါတယ်။ ပိတ်မိ လုပ်သား ၉ ယောက်လုံးကို စက်တင်ဘာ ၁၆ ရက်နေ့မှာ မီးသတ်သမားတွေက ကယ်ထုတ်နိုင်ခဲ့တယ်လို့ ကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။ စက်တင်ဘာ ၁၆ ရက် ဒေသစံတော်ချိန် မနက် ၁၁ နာရီ လောက်က ကယ်ဆယ်ရေးသမားတွေဟာ ပိတ်မိ လုပ်သားတွေဆီ ရောက်အောင် လမ်းကို တူးခဲ့ရတယ်လို့ ဆိုပါတယ်။ မွန်းလွဲ ၁ နာရီ ဝန်းကျင်မှာ ပိတ်မိလုပ်သား ၉ ယောက်လုံးကို ကယ်တင်နိုင်ခဲ့ပြီး ဆေးကုသခံယူဖို့ ဆေးရုံကို တင်ပို့ခဲ့ပါတယ်။ ရထားဥမင်ဟာ စက်တင်ဘာ ၁၅ ရက် မနက် ဆယ်နာရီခွဲလောက်က ပြိုကျခဲ့တာပါ။ ကယ်ဆယ်ရေး လုပ်ငန်းစဉ်အတွင်း အလုပ်သမား အယောက် ၂၃၀ ကျော် ပါဝင်ခဲ့ပါတယ်။ ဒီဥမင်ဟာ ယူနန်ပြည်နယ်အတွင်း ယုရှီနဲ့ မိုဟန်ခရိုင်တွေကို ချိတ်ဆက်ထားတဲ့ ရထားလမ်းရဲ့ အစိတ်အပိုင်းလည်း ဖြစ်ပါတယ်။
4 years Ago
Up