တရုတ် မီးရှူးမီးပန်း

January 25, 2017

တရုတ် မီးရှူးမီးပန်း သိုလှောင်ရုံ မီးလောင်၊ ၅ ဦး သေဆုံး

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူနန်ပြည်နယ် ယွဲ့ယန်မြို့က မီးရှူးမီးပန်း သိုလှောင်ရုံမှာ ဇန်န၀ါရီ ၂၄ ရက်နေ့က မီးလောင်လို့ လူ ၅ ဦး သေဆုံးကြောင်း အစိုးရ မီဒီယာက အစီရင်ခံပါတယ်။ ဈေးဝယ်သူတဦးက သူဝယ်လာတဲ့ ဗျောက်အိုးကို ကုန်လှောင်ရုံအပြင် ဆယ်မီတာ အကွာမှာ မီးရှို့ ပစ်လွှတ်ခဲ့အပြီး လေးထပ် အဆောက်အဦမှာ မီးလောင်ခဲ့တာလို့ စီစီတီဗွီ ရုပ်သံက ဆိုပါတယ်။ မီးသတ်သမား အယောက် ၈၀ ကျော်နဲ့ မီးသတ်ကား ၁၄ စီးက ကြိုးစားငြှိမ်းသတ်ခဲ့ရပြီး ၂ နာရီ အကြာမှာ မီးငြိမ်းတယ်လို့ စီစီတီဗီက ကြေညာခဲ့ပါတယ်။
4 years Ago
Up