တရုတ် ဗုံးကြဲလေယာဉ်

May 19, 2018

တရုတ် ဗုံးကြဲလေယာဉ်များ တောင်တရုတ်ပင်လယ်ထဲ စစ်ရေးလေ့ကျင့်

တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA) ရဲ့ လေတပ်က H-6K ဗုံးကြဲလေယာဉ်တွေဟာ လတ်တလောမှာ တောင်တရုတ်ပင်လယ်ထဲက ကျွန်းတွေနဲ့ သန္တာကျောက်တန်းတွေပေါ်မှာ ပျံတက် ပျံဆင်း လေ့ကျင့်နေပါတယ်။ အချိန်မရွေး  တိုက်ခိုက်မှုအားလုံးကို စတင်နိုင်စွမ်းနဲ့ ဒေသအားလုံးကို ထိတွေ့နိုင်စွမ်း တိုးမြှင့်ဖို့ H-6K ဗုံးကြဲလေယာဉ်တွေရဲ့ သိသာထင်ရှားတဲ့ နောက်ခြေလှမ်းတရပ် အထိမ်းအမှတ်ပဲလို့ ဗုံးကြဲလေကြောင်းတပ်ရင်းရဲ့ စစ်ဦးစီးမှူး ဝမ်ကို့ဆောင်က ပြောပါတယ်။ PLA လေတပ်ထဲမှာ Su-35, J-20 တိုက်လေယာဉ်တွေနဲ့ တခြား လေယာဉ်တွေလည်း ပါပါတယ်။ တိုင်းပြည်ရဲ့ အချုပ်အခြာနဲ့ ပိုင်နက် ဂုဏ်သိက္ခာ ဘေးကင်းလုံခြုံရေးအတွက် စွမ်းဆောင်ရည် တိုးမြှင့်ဖို့ အရင်သင်တန်းထက် လေယာဉ်အရေအတွက်ကို ပိုတိုးမြှင့်ထားတယ်လို့ ရိုက်တာ သတင်းဌာနက အစီရင်ခံပါတယ်။
4 years Ago
Up