တရုတ်​ဆီးသီးများ ရာသီဥတု​ ဖောက်​ပြန်​မှု​ကြောင့် အထွက်​နှုန်းကျဆင်း

January 15, 2018

တရုတ်​ဆီးသီးများ ရာသီဥတု​ ဖောက်​ပြန်​မှု​ကြောင့် အထွက်​နှုန်းကျဆင်း

  မန္တ​လေးတိုင်း​ဒေသကြီး မြင်းခြံမြို့နယ်​၊ နဘူးအိုင်​၊ မြင်းခြံကားလမ်း​ဘေးရှိ ဆီးသီးစိုက်​ပျိုးတဲ့ ခြံ​တွေမှာ ရာသီဥတု​ ဖောက်​ပြန်​မှု​ကြောင့် ဆီးပန်းသီး (ခ) တရုတ်​ဆီးသီးတွေ အထွက်​နှုန်း မနှစ်​ကထက်​ ထက်​ဝက်​ခန့်​ ​လျော့နည်းသွားတယ်​လို့ ဆီးသီးခြံပိုင်​ရှင်​​တွေရဲ့ ​ပြောကြားချက်​အရ သိရပါတယ်​။ တူရွင်းဘို့ရွာမှ ဇီးသီးခြံ ပိုင်​ရှင်​ဖြစ်​တဲ့ ကိုမျိုးပိုင်​က “ဒီနှစ်​က ရာသီဥတု ​ဖောက်​ပြန်​​တော့ ဆီးသီး အသီး သီးတဲ့နှုန်းက မနှစ်​ကနဲ့စာရင်​ ထက်​ဝက်​ကျဆင်းသွားတယ်​။ ပြီး​တော့ အသီး ခူးဆွတ်​ခါနီးမှ မိုးကရွာ​တော့ အသီး​တွေ ကွဲအက်​ကွဲကုန်​တယ်​။ မိုးရွာပြီး ရာသီဥတုက ပြန်​​အေးလာ​တော့ အသီး​တွေက မချို​တော့ဘူး။ အရသာ ပျက်​ကုန်​တာ​ပေါ့၊ ဆီးသီးက တခြား ထွက်​​ပေါက်​လည်း မရှိဘူး။ ပိုဆိုးတာက အ​ရောင်းအဝယ်​​ကောင်း​ကောင်း မဖြစ်​​သေးဘူးဆို​တော့ ခြံစိုက်​ပျိုးသူ​တွေ အခက်​​တွေ့တာ​ပေါ့”လို့ ​ပြောပါတယ်​။ ဆီးသီးခြံပိုင်​ရှင်​ ​ဒေါ်ခင်​နိုင်​က “ဒီနှစ်​က ဆီးသီးအ​ရောင်းအဝယ်​ မ​ကောင်းဘူး။ အသီး သီးနှုန်းက ထက်​ဝက်​မက ကျဆင်းသွားတယ်​။ ပြီး​တော့ အချိန်​ခါမဟုတ်​ မိုးရွာလိုက်​​တော့ ဆီးသီး​တွေ​ ပျော့သွားတယ်​။ အရသာ​ပေါ့သွားတယ်​။ ခု​တော့ အပင်​​တွေကို ပြန်​ပြီး အား​ဆေး ပြန်​​ကျွေး​နေရတယ်​၊ ​နောက်​ပိုင်းမှ အသီး​တွေ ပြန်​​ကောင်းမလားမသိဘူး၊ ခု​တော့ လက်​​ရွေးခူးပြီး ​ရောင်း​နေရတာ​ပေါ့”လို့ ​ပြောပါတယ်​။ ဆီးပန်းသီး (ခ) တရုတ်​ဆီးသီး စိုက်​ပျိုးသူ ၄၀ ဦးခန့်​ရှိပြီး ဇန်​နဝါရီလဆန်းပိုင်း​လောက်​မှာ စတင် ​အသီးခူးဆွတ်​ရပြီး ​ဖေ​ဖော်​ဝါရီ လကုန်​ပိုင်း​လောက်​အထိ ထွက်​ရှိပါတယ်။ ပြီးခဲ့တဲ့နှစ်​မှာ ဆီးသီး ၁ တင်းကို ​ငွေကျပ်​ ၁၂၀၀၀ ​ရောင်းရပြီး ဒီနှစ်​ ဆီးသီး​ပေါ်ချိန်​မှာ ၁ တင်းကို ၈၀၀၀ ကျပ်​နှုန်းနဲ့သာ ​ရောင်းချရ​ပေမယ့် ဆီးသီးအ​ရောင်းအဝယ်​ မဖြစ်​ဘူးလို့ သိရပါတယ်​။ သတင်း - ရီရီထွန်း (မြင်းခြံ)
4 years Ago
Up