တရုတ်ရုပ်ရှင်ဒါရိုက်တာ

A d v e r t i s e m e n t With Us

September 7, 2018

တရုတ် ရုပ်ရှင်ဒါရိုက်တာ ကျန်းရီမူကို ဗင်းနစ်ရုပ်ရှင်ပွဲတော်တွင် ထူးချွန်ဆုချီးမြှင့်

ဗင်းနစ်ရုပ်ရှင်ပွဲတော်မှာ စက်တင်ဘာ ၆ ရက်နေ့က တရုတ် ရုပ်ရှင်ဒါရိုက်တာ ကျန်းရီမူကို ရုပ်ရှင်ထူးချွန်ဆု ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။ ဒါရိုက်တာ ကျန်းရီမူဟာ "The Great Wall", "The House of Flying Daggers" နဲ့ "Raise the Red Lantern" စတဲ့ ရုပ်ရှင်တွေကို ရိုက်ကူးခဲ့သူ ဖြစ်ပါတယ်။ အရင်က ဗင်းနစ်ရုပ်ရှင်ပွဲတော်မှာ ရွှေခြင်္သေ့ဆုနှစ်ဆု ရခဲ့ဖူးတဲ့ ကျန်းရီမူဟာ အခု ယက်ဂါ လေဂိုတေး ဂလော်ရီဆုကို လက်ခံရရှိတာပဲ ဖြစ်ပါတယ်။ အဲဒီဆု လက်ခံရရှိတဲ့ အခမ်းအနားမှာ ဒါရိုက်တာ ကျန်းရီမူက ဗင်းနစ်ရုပ်ရှင်ပွဲတော်ကို ပြန်လာတိုင်း ကိုယ့်အိမ်ကိုယ့်ယာကို ပြန်လာရသလို ပျော်ရွှင်မိပါတယ်လို့ ပြောပါတယ်။ အခု ရုပ်ရှင်ပွဲတော်မှာ ကျန်းမူရီရဲ့ "Ying" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကို ပြသသွားမှာ ဖြစ်တယ်လို့လည်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
2 years Ago
Up