တရုတ်နှစ်သစ်ကူးအထိမ်းအမှတ်အနေနဲ့ အင်္ဂလန် ပရီးမီးယားလိဂ်က မန်စီးတီးကစားသမား တွေ တူအသုံးပြုနည်း ယှဉ်ပြိုင်ခဲ့ကြပါတယ်။
ရှေ့တန်းတိုက်စစ်မှူး အဂွီရို၊ ဖာဘီယန်ဒဲ့လ်ဖ်၊ ဒီဘရိုင်နေးနဲ့ ဂျိုဟတ်တို့က တူကို အသုံးပြုပြီး ပန်းကန်တခုအတွင်းက ပင်ပေါင်လုံးတွေကို တခြား ပန်းကန်ထဲကို ပြောင်းထည့်ကြပါတယ်။
ပင်ပေါင်တလုံးကို တခြား ပန်ကန်ထဲကို အောင်အောင်မြင်မြင် ထည့်နိုင်ရင် ၁၀ မှတ် သတ်မှတ်ထားပါတယ်။
စက္ကန့် ၃၀ အတွင်း အများဆုံး ထည့်နိုင်တဲ့သူကို ပထမဆု ပေးအပ်မှာ ဖြစ်ပြီး ဖာဘီယန်ဒဲ့လ်ဖ်က ၃ လုံးကို အောင်အောင်မြင်မြင်ထည့်နိုင်တဲ့အတွက် အမှတ် ၃၀ နဲ့ ပထမ ရရှိသွားပါတယ်။
ပထမဆုရတဲ့ ဖာဘီယန်ဒဲ့လ်ဖ်ကတော့ ၂၀၁၆ အီသီဟတ်ရဲ့ တူအသုံးပြုနိုင်တဲ့ ဆုတံဆိပ်ကို ရရှိခဲ့ပါတယ်။
5 years Ago