တရုတ်နှင့်တောင်ကိုရီးယား

May 5, 2018

ကိုရီးယားကျွန်းဆွယ်အရေး တရုတ်နှင့်တောင်ကိုရီးယား ဆွေးနွေး

တရုတ်သမ္မတ ရှီကျင့်ပင်နဲ့ တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းတို့ဟာ နှစ်နိုင်ငံ ဆက်ဆံရေးနဲ့ ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေးတိုးတက်ဖို့ မေ ၄ ရက်နေ့မှာ ဖုန်းကနေတဆင့် ဆွေးနွေးခဲ့ကြပါတယ်။ တရုတ်နိုင်ငံဟာ တောင်ကိုရီးယားနိုင်ငံနဲ့ ၂ နိုင်ငံ အကျိုးစီးပွားအတွက် လက်တွေ့ကျတဲ့ ဆက်ဆံရေးကို ကြီးကြီးမားမား အာရုံစိုက်ထားပြီး တိုးတက်ဖို့လည်း ဆန္ဒရှိတယ်လို့ သမ္မတ ရှီက ပြောပါတယ်။ မွန်းကတော့ ပြီးခဲ့တဲ့လတုန်းက တောင်၊ မြောက်ကိုရီးယား ၂ နိုင်ငံ ထိပ်သီး ဆွေးနွေးပွဲအောင်မြင်မှုတွေကို ရှီကို ပြောကြားခဲ့တယ်လို့ ရိုက်တာသတင်း မှာ ဖော်ပြပါတယ်။ ကိုရီးယားကျွန်းဆွယ်အရေးမှာ ပါဝင်ပတ်သက်နေသူ နိုင်ငံတကာ အသိုင်းအ၀ိုင်းဟာ အခုလို အားထုတ်မှုတွေကို အားပေးတာနဲ့ တက်တက်ကြွကြွ ထောက်ခံတာကို ပြသသင့်တယ်လို့ ရှီကပြောပါတယ်။ တောင်ကိုရီးယားဟာ တရုတ်နဲ့ ညှိနှိုင်းဆောင်ရွက်မှု တိုးလုပ်ဖို့ လိုလားတယ်၊ ဆွေးနွေးညှိနှိုင်းမှုကနေတဆင့် ကိုရီးယားကျွန်းဆွယ်အရေး ဖြေရှင်းဖို့ ကတိပြုတယ်လို့ မွန်းက ပြောပါတယ်။ ကိုရီးယားထိပ်သီးညီလာခံကနေ အရေးပါတဲ့ရလဒ်တွေ ထွက်လာတာဟာ ညှိနှိုင်းဆွေးနွေးတာနဲ့ တိုင်ပင်ဆွေးနွေးတာတွေကြောင့် ဖြစ်တယ်လို့လည်း ရှီက ပြောပါတယ်။
3 years Ago
Up