တရုတ်နှင့်ဗီယက်နမ် တောင်တရုတ်ပင်လယ်အရေးဆွေးနွေး

July 15, 2016

တရုတ်နှင့်ဗီယက်နမ် တောင်တရုတ်ပင်လယ်အရေးဆွေးနွေး

တောင်တရုတ်ပင်လယ်အရေးကို သက်ဆိုင်ရာနိုင်ငံတွေအကြား စေ့စပ်ညှိနှိုင်းဖြေရှင်းသင့် ကြောင်း တရုတ်ဝန်ကြီးချုပ် လီကျင့်ဖိန်က ဗီယက်နမ်နိုင်ငံ ၀န်ကြီးချုပ် ငုယင်ဆန်ဖုကို ပြောဆိုခဲ့တယ်လို့ တရုတ်နိုင်ငံပိုင်မီဒီယာ ဆင်ဟွာက ပြောပါတယ်။ မွန်ဂိုလီးယားနိုင်ငံမှာကျင်းပတဲ့ အာရှ-ဥရောပအစည်းဝေးတက်ရောက်ဖို့ ရောက်နေတဲ့ ခေါင်းဆောင် ၂ ဦးက အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်အရေးကိစ္စကို တံခါးပိတ် ဆွေးနွေးခဲ့ကြရာမှာ ပြောဆိုခဲ့တာလို့ဆိုပါတယ်။ နယ်သာလန်နိုင်ငံ၊ သည်ဟိသ် (The Hague) မြို့မှာရှိတဲ့ ကုလသမဂ္ဂနောက်ခံ နိုင်ငံတကာ အနုညာတတရားရုံးက တောင်တရုတ်ပင်လယ်နယ်မြေအများစုကို တရုတ်နိုင်ငံက ပိုင်ဆိုင်တယ် ဆိုတာ တရားမ၀င်ဘူးလို့ ဇူလိုင် ၁၂ ရက်နေ့မှာ ဆုံးဖြတ်ခဲ့ပြီးနောက် တွေ့ဆုံမှုဖြစ်ပါတယ်။ တရုတ်နိုင်ငံကို ဖိလစ်ပိုင်နိုင်ငံက ၂၀၁၃ ခုနှစ်မှာ တိုင်တန်းတဲ့ကိစ္စကို ဆုံးဖြတ်တာဖြစ်ပါတယ်။ ဒီတွေ့ဆုံပွဲမှာ တရုတ်ဝန်ကြီးချုပ်က နိုင်ငံတကာအနုညာတရားရုံးဆုံးဖြတ်ချက်ကို တရုတ်နိုင်ငံက လက်မခံဘူးလို့ ထပ်လောင်းပြောဆိုခဲ့ပါတယ်။ တရားရုံးဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ မြန်မာနိုင်ငံက မှတ်သားထားကြောင်းနဲ့ ပြဿနာကို အင်အားသုံးဖြေရှင်းတာ၊ ခြိမ်းခြောက်တာ ရှောင်ကြည်ပြီး ငြိမ်းငြိမ်းချမ်းချမ်းဖြေရှင်းကြဖို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။
7 years Ago
Up