တရုတ်နိုင်ငံ အရှေ့ပိုင်း တိုင်ဖုန်းမုန်တိုင်း ၀င်ရောက် (ရုပ်သံ)

August 9, 2015

တရုတ်နိုင်ငံ အရှေ့ပိုင်း တိုင်ဖုန်းမုန်တိုင်း ၀င်ရောက် (ရုပ်သံ)

ဆိုဒီလောလို့ နာမည်ပေးထားတဲ့ တိုက်ဖုန် မုန်တိုင်းဟာ ထိုင်ဝမ်ကျွန်းကတဆင့် တရုတ်နိုင်ငံ အရှေ့ဘက်ဒေသကို သြဂုတ် ၈ ည ၁၀ နာရီ ၁၀ မိနစ်အချိန်မှာ  ၀င်ရောက်ခဲ့ပါတယ်။ လေပြင်းပြီး မိုးသည်းထန်တယ်လို့ ဆင်ဟွာသတင်းမှာ ဖော်ပြပါတယ်။ မုန်တိုင်းဟာ  ဖူဂျန်ပြည်နယ်ထဲက ပူတန်မြို့ကို ၀င်ရောက်ခဲ့တာဖြစ်ပြီး မုန်တိုင်းအကြိုကာလမှာကတည်းက လူ ၁၆၀၀၀၀ လောက်ကို ဘေးကင်းရာ ပြောင်းရွှေ့ထားပါတယ်။ အသေအပျောက် သတင်းတော့ ထွက်ပေါ်မလာပါဘူး။ ထိုင်ဝမ်ကို ၀င်စဉ်မှာ မုန်တိုင်း ဗဟိုချက်အနီးက လေတိုက်နှုန်းဟာ ၁ နာရီ ၁၂၅ မိုင် နှုန်းဖြစ်ပြီး အဆင့် ၃ သတ်မှတ်ပါတယ်။ ထိုင်ဝမ်ကို ဖြတ်ပြီး တရုတ်ပြည် အရှေ့ဘက် ဒေသကို ရောက်တဲ့အချိန်မှာ  အဆင့် ၁ ကို အားလျော့သွားမယ်လို့ မိုးလေ၀သဌာနက ခန့်မှန်းခဲ့ပါတယ်။ သြဂုတ် ၈ ရက်နေ့ မနက်စောစောပိုင်း  ထိုင်ဝမ်ကို ၀င်ရောက်ခဲ့စဉ်က  ၆ ဦးထက် မနည်းသေဆုံး၊ ၁၈၀  ကျော် ဒဏ်ရာရခဲ့ပြီး အိမ်ခြေ ၃ သန်းလောက်  လျှပ်စစ်မီး ပြတ်တောက်ခဲ့ပါတယ်။ နောက်ထပ် ၄ ယောက်လည်း ပျောက်ဆုံးနေဆဲဖြစ်ပြီး လူထောင်ပေါင်းများစွာကိုလည်း ဘေးလွှတ်ရာ ရွှေ့ပြောင်းခဲ့ရတယ်လို့ ထိုင်ဝမ် အရေးပေး ကယ်ဆယ်ရေးဌာနက ပြောပါတယ်။ ပြည်တွင်း လေယာဉ်ခရီးစဉ် ၂၇၉ ခု၊ နိုင်ငံတကာ လေယာဉ်ခရီးစဉ် ၃၇ ခုကိုလည်း သြဂုတ် ၈ ရက်နေ့မှာ ဖျက်သိမ်းခဲ့ရသလို၊ နောက်ထပ် နိုင်ငံတကာ ခရီးစဉ် ၆၈ ခုလည်း အချိန်ကြန့်ကြာခဲ့တယ်လို့ ထိုင်ဝမ် အခြေစိုက် China Post  သတင်းက အစီရင်ခံပါတယ်။
6 years Ago
Up