တရုတ်နိုင်ငံမြောက်ပိုင်းမှာ ဖုံးအုပ်နေတဲ့ မီးခိုးမြူတွေအတွက် အရေးပေါ်လုပ်ဆောင်ဖို့ ဘေဂျင်းနဲ့ အနီးပတ်ဝန်းကျင်ခရိုင်က ကြေညာလိုက်ပါတယ်။
ကိုယ်ပိုင်ကား ၂ သန်းနီးပါးကို လမ်းပေါ်မှာ မမောင်းနှင်ဖို့နဲ့ အစိုးရကား ၃၀ ရာခိုင်နှုန်းကိုလည်း မောင်းနှင်ခြင်း မပြုဖို့ ဒီဇင်ဘာ ၉ ရက်နေ့က အမိန့်ထုတ်ထားပါတယ်။
တရုတ်ရဲ့ လေထုညစ်ညမ်းမှု အနီရောင်အဆင့် သတိပေးချက်ကို ပထမဆုံးအကြိမ် ထုတ်ပြန်ထားပြီး စက်ရုံ ၂၀၀၀ နီးပါးကိုလည်း ရပ်ဆိုင်းဖို့ အမိန့်ပေးထားပါတယ်။
ဒါ့အပြင် ဆောက်လုပ်ရေးနဲ့ ကျောင်းတွေကိုလည်း ပိတ်ထားဖို့ ညွှန်ကြားထားပါတယ်။
သွားလာရေး အဆင်ပြေစေဖို့ ဘတ်စ်ကား ၈၄၀ စီးနဲ့ ရထား ၁၅ စီးကို ဘေဂျင်းက တိုးမြှင့်ချထားပါတယ်။
တရုတ်နိုင်ငံရဲ့ လေထုညစ်ညမ်းမှုက လုံခြုံစိတ်ချရတယ်လို့ သတ်မှတ်ထားတဲ့ အဆင့်ထက်ကို ကျော်လွန်နေပါတယ်။
တီရန်ဂျင်းမြို့မှာလည်း မီးခိုးမြူတွေ အုံ့ဆိုင်းနေသလို တခြားခရိုင်တွေဖြစ်တဲ့ ဟိုင်နန်၊ ရှန်ဒေါင်း၊ ရှန်ဇီ ခရိုင်တွေမှာလည်း သက်ရောက်နေပါတယ်။
7 years Ago