တရုတ်နိုင်ငံ ကွင်ဟေးကန်က ထူးဆန်းသည့် ရေဆင်နှာမောင်းများ (ရုပ်သံ)

A d v e r t i s e m e n t With Us

August 27, 2016

တရုတ်နိုင်ငံ ကွင်ဟေးကန်က ထူးဆန်းသည့် ရေဆင်နှာမောင်းများ (ရုပ်သံ)

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကွင်ဟေး ခရိုင်က ကွင်ဟေးရေကန်မှာ ရေဆင်နှာမောင်းတွေ ဖြစ်နေတာကို ထူးထူး ခြားခြား တွေ့ရမှာ ဖြစ်ပါတယ်။ သြဂုတ် ၂၄ ရက်က ဖြစ်ပေါ်ခဲ့တဲ့ ဒီရေဆင်နှာမောင်းဟာ တခုကို ၅ မိနစ်နီးပါး ကြာမြင့်ပြီး ခရီးသွားတွေက ဖုန်းကနေ တဆင့် ဒီဖြစ်ရပ်ကို မှတ်တမ်းတင်ထားပါတယ်။ လေပူနဲ့လေအေးတွေ စီးဆင်းရင်း ဒီနေရာမှာ ဆုံမှတ်ဖြစ်ကာ ဖြစ်ပွားလာတာ ဖြစ်ပြီး ရေဆင်နှာမောင်းကို ရေပေါ်မှာ ဖြစ်တဲ့ တော်နာဒိုလို့လည်း တချို့က ခေါ်ပါတယ်။ ၂၀၁၄ ခုနှစ်မှာတော့ ၁ နာရီအတွင်းမှာ ရေဆင်နှာမောင် ၉  ခုအထိ ဖြစ်ခဲ့ဖူးတယ်လို့ ဆိုပါတယ်။
5 years Ago
Up