တရုတ်နိုင်ငံ၏

January 14, 2018

တရုတ်နိုင်ငံ၏ ပထမဆုံး မောင်းသူမဲ့ ရထား စတင်စမ်းသပ် (ရုပ်သံ)

တရုတ်နိုင်ငံ အနောက်မြောက်ဘက် နင်ရှားဝိ့ ကိုယ်ပိုင်အုပ်ချုပ်ဒေသမှာ ဇန်နဝါရီလ ၁၀ ရက်နေ့မှာ ပထမဦးဆုံးသော မောင်းသူမဲ့ သံလမ်းတခုတည်းသုံး (Monorail) ရထားလိုင်းစနစ်ကို စတင်စမ်းသက်ပြေးဆွဲခဲ့ပါတယ်။ ဒီရထားလိုင်းစနစ်ကို ဆက်သွယ်ရေးကုမ္ပဏီကြီးဖြစ်တဲ့ ဟာ့ဝေးနဲ့ ယာဉ်ရထား ထုတ်လုပ်ရေး ကုမ္ပဏီ ဘီဝိုင်ဒီတို့က တိုးတက်ထုတ်လုပ်ခဲ့တာပါ။ ရထားလိုင်းစနစ်ကနေ ရထားအမြင့်ဆုံးအရှိန် ၁ နာရီ ၈၀ ကီလိုမီတာနှုန်းနဲ့ ပြေးဆွဲခုတ်မောင်းဖို့၊ လမ်းညွှန်ဖို့၊ တည်ငြိမ်ဖို့၊ ထောက်ပံ့ဖို့ ရထားသံလမ်း တခုတည်းကိုပဲ သုံးထားတာပါ။ ဒီရထားလိုင်းစနစ်မှာ မျက်နှာကို မှတ်သားထားတဲ့ ဉာဏ်ရည်အတု နည်းပညာကိုလည်း ကျယ်ကျယ်ပြန့်ပြန့်သုံးထားပြီး ရထားလိုင်းစနစ်ကို ၂၀၁၈ ခုနှစ် နှစ်ဝက်လောက်မှာ စတင်ခုတ်မောင်းမယ်လို့ စီဂျီတီအန်သတင်းမှာ ဇန်နဝါရီ ၁၃ ရက်နေ့က ဖော်ပြထားပါတယ်။
3 years Ago

April 5, 2017

တရုတ်နိုင်ငံ၏ အကျော်ကြားဆုံး ၅ နှစ်အရွယ် အကဆရာမ (ရုပ်သံ)

တရုတ်နိုင်ငံ ချန်ကျင်းမြို့က အသက် ၅ နှစ်အရွယ် ကလေးမလေးဟာ တရုတ်နိုင်ငံရဲ့ အသက်အငယ်ဆုံး အကဆရာမအဖြစ် အမည်တွင်ပြီး တရုတ်လူမှုကွန်ရက်စာမျက်နှာမှာ ထင်ရှားကျော်ကြားလာပါတယ်။ ဂျင်းဂျင်းကို ည ၇ နာရီခွဲလောက်တိုင်း ကွင်းပြင်ကျယ်ကြီးမှာ ကနေကြတဲ့ သူ့ထက်အသက်ကြီး အကသမားအုပ်စုကို ဦးဆောင်နေတာ တွေ့ရမှာပါ။  ဒီကလေးမလေးက ပြီးခဲ့တဲ့ ဆောင်းဦးပေါက်မှာ အက စသင်ခဲ့တာဖြစ်ပြီး လအနည်းငယ်အကြာမှာတော့ သူမက အုပ်စုတစ်စုရဲ့ အကခေါင်းဆောင် ဖြစ်လာတာပါ။ အဲ့ဒီနောက်မှာ “၅ နှစ်အရွယ် ကလေးမလေးက ၅၀ အရွယ် တစ်ဦး” လို အကသင်နေတယ်ဆိုတဲ့စကား ပျံ့နှံ့သွားပြီး လူအုပ်ကြီးက ဂျင်းဂျင်း အကသင်နေတာကို လာကြည့်ကြတာလို့ သိရပါတယ်။ ဒီအပတ်အစောပိုင်းမှာ ဂျင်းဂျင်း အကသင်နေတဲ့ ဓာတ်ပုံတွေနဲ့ ရုပ်သံ တရုတ်လူမှုကွန်ရက်စာမျက်ပေါ်မှာ ထွက်လာပြီး ပျံ့နှံ့သွားရာကနေ ညတွင်းချင်း တရုတ်နိုင်ငံတစ်ဝှမ်းမှာ ဂျင်းဂျင်း ကျော်ကြားသွားခဲ့တာပါ။
4 years Ago
Up