တရုတ်နိုင်ငံမြောက်ပိုင်းတွင် ဆီးနှင်းများ ထူထူထပ်ထပ်ကျဆင်း၊ ကားလမ်းများပိတ်ဆို့

November 22, 2016

တရုတ်နိုင်ငံမြောက်ပိုင်းတွင် ဆီးနှင်းများ ထူထူထပ်ထပ်ကျဆင်း၊ ကားလမ်းများပိတ်ဆို့

တရုတ်နိုင်ငံမြောက်ပိုင်းက ဟီဘေး (Hebei) ပြည်နယ်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၀ ရက်နေ့ကစပြီး ဆီးနှင်းတွေ ထူထူထပ်ထပ် ကျဆင်းနေလို့ ပြည်နယ်တ၀န်း ကားလမ်းပိတ်ဆို့မှုတွေ ဖြစ်နေပါတယ်။ ဟီဘေးပြည်နယ်ရဲ့ မြို့ကြီးတမြို့ဖြစ်တဲ့ ချန်ဒဲ (Chengde) မြို့နဲ့ ဆက်သွယ်ထားတဲ့ အဝေးပြေးလမ်းမတွေ ပိတ်ထားရပြီး မြို့အ၀င် အခွန်ကောက်ခံရေးဂိတ်တွေမှာ ကားတွေ ညလုံးပေါက် စောင့်ဆိုင်းကြရပါတယ်။ နေ့အပူချိန် -၈ ဒီဂရီဆယ်ဆီးရပ်စ်အထိ ကျဆင်းနေပြီး လာမယ့်ရက်တွေမှာ -၁၂ ဒီဂရီအထိ ကျဆင်းနိုင်ဖွယ်ရှိတယ်လို့ ဒေသခံ မိုးလေ၀သအေဂျင်စီတွေက ခန့်မှန်းထားကြပါတယ်။ နိုဝင်ဘာ ၂၁ ရက်နေ့မှာ မူကြိုကျောင်းတွေနဲ့ အခြေခံပညာကျောင်းတချို့ကို ပိတ်ထားလိုက်ပါတယ်။
5 years Ago
Up