တရုတ်နိုင်ငံအနောက်ပိုင်း ရှင်းကျန်းဒေသမှာ သြဂုတ် ၉ ရက်နေ့က အင်အား ရစ်ခ်ျတာစကေး ၆ ဒသမ ၆ မဂ္ဂနီကျုရှိ ငလျင်တခု လှုပ်ခတ်သွားခဲ့ပါတယ်။
ငလျင်ကြောင့် ကျေးလက်ဒေသမှာ နေထိုင်သူ ၃၂ ဦး ဒဏ်ရာရခဲ့တယ်လို့ တရုတ်ပြည်သူ့နေ့စဉ် သတင်းမှာ ဖော်ပြခဲ့ပါတယ်။
ငလျင်ဟာ ကာဇက်စတန်နယ်စပ်ကနေ မိုင် ၆၀ အကွာမှာရှိတဲ့ ကျင်းဟယ်စီရင်စုကို ဗဟိုပြု လှုပ်ခတ်ခဲ့တာဖြစ်ပြီး အဲဒီဒေသမှာ လူ တသိန်းလေးသောင်းခန့် နေထိုင်တယ်လို့ ဆင်ဟွာသတင်းဌာနက ဆိုပါတယ်။
ငလျင်ဗဟိုချက်ကနေ ကီလိုမီတာ ရာချီဝေးတဲ့ ယူရွမ်ကီဒေသမှာ နေထိုင်သူတွေ၊ ကာရာမေးနဲ့ ယီနင်မြို့မှာ နေထိုင်သူတွေဟာ ငလျင်လှုပ်ခတ်မှုကို ခံစားရပြီး ငလျင်လှုပ်ချိန်ဟာ စက္ကန့် ၂၀ ခန့် ကြာမြင့်ခဲ့တာပါ။
အခုငလျင်ဟာ သြဂုတ် ၈ ရက်နေ့က စီချွမ်ပြည်နယ်မှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်နဲ့ မိုင်ပေါင်း ၁၂၄၀ အကွာမှာ လှုပ်ခတ်ခဲ့တဲ့ ဒုတိယမြောက်ငလျင်ဖြစ်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
6 years Ago