တရုတ်နိုင်ငံ

April 29, 2019

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ပေကျင်းမြို့၌ဖွင့်လှစ်ထားသည့် မြန်မာပြခန်းအားလေ့လာ  (ဓာတ်ပုံ)   

  နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ပေကျင်း အပြည်ပြည်ဆိုင်ရာ သစ်သီးဝလံနဲ့  ပန်းမန်ဥယျာဉ်ပြပွဲ ဖွင့်ပွဲအခမ်းအနားကို တက်ရောက်ခဲ့ပြီး ပြပွဲမှာ ပါဝင်ပြသတဲ့ မြန်မာပြခန်းအား လေ့လာကြည့်ရှုခဲ့တယ်လို့ နိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။ အဆိုပါပြပွဲမှာ မြန်မာအပါအ၀င်  နိုင်ငံတကာနဲ့ အဖွဲ့အစည်းတွေက ပြခန်းပေါင်း ၁၁၀ လောက် ခင်းကျင်းပြသထားပါတယ်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ပေကျင်းမှာ ကျင်းပတဲ့  ဒုတိယအကြိမ်မြောက် ရပ်ဝန်းနှင့် ပိုးလမ်းမ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆာင်ရွက်ရေး ဖိုရမ် တက်ရောက်ဖို့ တရုတ်နိုင်ငံမှာ ရောက်ရှိနေတာဖြစ်ပြီး တရုတ်ခရီးစဉ်အပြီး ကမ္ဘောဒီးယားနိုင်ငံကို ဆက်လက်သွားရောက်မှာပါ။ ဓာတ်ပုံ - MOFA
3 years Ago

February 2, 2019

တရုတ်တွင် ဒုက္ခရောက်နေသည့် မြန်မာနိုင်ငံသား ၈ ဦးကို ကယ်ဆယ်

တရုတ်နိုင်ငံမှာ တရားမဝင်ရွှေ့ပြောင်း အလုပ်လုပ်ရာမှာ ဒုက္ခရောက်နေသူ ၈ ဦးအား ကယ်ဆယ်နိုင်ခဲ့ပြီး မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ မိဘဆွေမျိုးတွေထံ ပြန်လည်အပ်နှံပေးခဲ့တယ်လို့ ရဲက ပြောပါတယ်။ ကူညီကယ်ဆယ်ခဲ့သူတွေကို မိတ္ထီလာက မိဘဆွေမျိုးတွေထံ ဖေဖော်ဝါရီ ၁ ရက်နေ့ နေ့လယ်က အပ်နှံပေးခဲ့တယ်လို့ မိတ္ထီလာအမှတ် ၁ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ပြောပါတယ်။ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ ဒုရဲမှူး ဝင်းညွန့်က "တရုတ်နိုင်ငံ ငါးစက်ရုံမှာ တရားမဝင်ရွှေ့ပြောင်း အလုပ်သွားလုပ်ရာက ဒုက္ခရောက်နေတာသိရလို့ နှစ်နိုင်ငံချိတ်ဆက် ခေါ်ယူပေးတာပါ။ မြန်မာနိုင်ငံ နဲ့ တရုတ်နိုင်ငံက အလုပ်သမားကိစ္စများအတွက် တရားဝင်လက်မှတ် ထိုးထာတာ မရှိပါဘူး" လို့ ပြောပါတယ်။ တရုတ်နိုင်ငံကတေ ပြန်ရောက်လာသူတွေကတော့ အမျိုးသား ၄ ဦးနဲ့ အမျိုးသမီး ၄ ဦးတို့ ဖြစ်ပါတယ်။ ပြည်အလုပ်အကိုင်တွေနဲ့ ပတ်သက်ပြီး လူကုန်ကူးမှုတွေ ဖြစ်ပေါ်နေတာကြောင့် အသိပညာပေး ဟောပြောပြီး လက်ကမ်းစာစောင်တွေလည်း ဖြန့်ဝေပေးခဲ့ပါတယ်။ သတင်း-မောင်မောင်လင်း
3 years Ago
More News
Up