တရုတ်နိုင်ငံ ရွှေသတ္တုတွင်း

March 25, 2017

တရုတ်နိုင်ငံ ရွှေသတ္တုတွင်း မတော်တဆမှုကြောင့် လူ ၈ ဦးသေဆုံး

တရုတ်နိုင်ငံ အလယ်ပိုင်း ဟီနန်ပြည်နယ် လင်းဘောင်မြို့က ရွှေသတ္ထုတွင်းမှာ မတော်တဆဖြစ်လို့ လူ ၈ ဦး သေဆုံးပြီး ၁ ဦး ပျောက်ဆုံးနေတယ်လို့ အစိုးရမီဒီယာက စနေနေ့မှာ အစီရင်ခံပါတယ်။ သတ္ထုတွင်း အဝင်ဝ ကနေ မီးခိုးတွေထွက်နေပုံနဲ့ ကယ်ဆယ်ရေး သမားတွေက တွင်းသားတွေကို သယ်သွားတဲ့ ရုပ်ပုံတွေကို အစိုးရရုပ်သံ စီစီတီဗီက ရိုက်ကူး ထုတ်လွှင့်ပါတယ်။ မြေအောက်ထဲမှာ တွင်းသား ၁၈ ဦး အလုပ်လုပ်နေချိန် သောကြာနေ့ မနက် ဆယ်နာရီခွဲလောက်က မတော်တဆ ဖြစ်ခဲ့တာပါ။ ဒီတွင်းကို တရုတ်အမျိုးသား ရွှေအုပ်စု ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့က အမတော်ကြေး ပေးထားတဲ့ ဟီနန်ချင်းလင် ရွှေတွင်းလုပ်ငန်းက ပိုင်ဆိုင်တယ်လို့ စီစီတီဗီက ပြောပါတယ်။ မျှော်လင့်မထားတဲ့ မီးခိုးတွေကြောင့် မတော်တဆ ဖြစ်ခဲ့ပြီး မြေအောက် မီးလောင်မှုကြောင့် ဖြစ်နိုင်တယ်လို့ CCTVက ပြောပါတယ်၊ စုံစမ်းစစ်ဆေးမှုတွေ လုပ်နေဆဲပါ။
5 years Ago
Up