ရိုးရိုးသာမန် အပြေးပြိုင်ပွဲတခုမဟုတ်ဘဲ ဆိတ်တကောင်ကိုထမ်းပြီး ပြေးရတာ တကယ်တမ်းတော့ မလွယ်ကူလှပါဘူး။
ဒါပေမယ့် တရုတ်နိုင်ငံမှာတော့ ဒီထူးခြားအံ့ဖွယ် ဆိတ်ထမ်းပြေးပွဲတော်ကို ၇ ကြိမ်မြောက် ကျင်းပနိုင်ခဲ့ပြီဖြစ်တယ်လို့ စီဂျီတီအန် သတင်းတပုဒ်မှာ ဖော်ပြပါတယ်။
ဒီပြိုင်ပွဲကို သြဂုတ် ၅ ရက်နေ့က တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း၊ ဇီကျန်းခရိုင်၊ ဝီဂါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရီဝူစီရင်စုနယ်မြေထဲမှာ ကျင်းပခဲ့တာပါ။
ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ပြိုင်ပွဲဝင် အမျိုးသားတွေဟာ ဆိတ်တွေကို အသီးသီး ထမ်းပိုးပြီး အားကြိုးမာန်တက် အပြေးပြိုင်ခဲ့ကြတာကို တွေ့ရပါတယ်။
ပြိုင်ပွဲမှာ လာရောက်အားပေးခဲ့ကြသူတွေကလည်း ရိုးရာအကတွေနဲ့အတူ ပျော်ပျော်ပါးပါး ကပြဖျော်ဖြေနေခဲ့ကြတာကို တွေ့ရပါတယ်။
5 years Ago