တရုတ်နိုင်ငံ၊ ဖူဂျီယမ်ခရိုင်တွင်းက ကမ်းခြေတခုမှာ အလေးချိန် ၇၀ ကီလိုဂရမ်နီးပါးရှိတဲ့ လိပ်ကြီးတကောင်ကို တွေ့ရှိခဲ့ရတယ်လို့ စီစီတီဗွီသတင်းမှာ ဖော်ပြပါတယ်။
အဲဒီလိပ်ကြီးဟာ မတ်လ ၁၆ ရက်နေ့က ငါးဖမ်းသမားတွေရဲ့ ပိုက်ကွန်မှာ မိပြီးပါ လာခဲ့တာလို့ ဆိုပါတယ်။
သက်တမ်းနှစ်ပေါင်း ၁၀၀ ကျော်ရှိပြီလို့ ယူဆရတဲ့ အဲဒီလိပ်ကြီးကို ငါးဖမ်းသမားတွေ သက်ဆိုင်ရာ တာဝန်ရှိသူတွေဆီမအပ်နှံခင်မှာ လူပေါင်းများစွာဟာ လာရောက် ကြည့်ရှု ထိတွေ့ခဲ့ကြတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
အဲဒီလိပ်ကြီးဟာ အော်လစ်ဗ်ရစ်ဒ်လေပင်လယ်လိပ်အမျိုးအစားဖြစ်ပြီး ဒုတိယအ ဆင့် နိုင်ငံအ၀ှမ်း ရေသတ္တ၀ါထိန်းသိမ်းကာကွယ်မှုအနေနဲ့ သတ်မှတ်ထားတဲ့အမျိုးအ စားဖြစ်ပါတယ်။
5 years Ago