တရုတ်နိုင်ငံတွင် ပုံမှန်မဟုတ်ဘဲ လည်ပတ်နေသည့် လုပ်ငန်းပေါင်း ၃ သန်းနီးပါး ရှိ

A d v e r t i s e m e n t With Us

February 23, 2016

တရုတ်နိုင်ငံတွင် ပုံမှန်မဟုတ်ဘဲ လည်ပတ်နေသည့် လုပ်ငန်းပေါင်း ၃ သန်းနီးပါး ရှိ

တရုတ်နိုင်ငံဟာ ပုံမှန်မဟုတ်ဘဲ လုပ်ငန်းလည်ပတ်နေတဲ့ လုပ်ငန်းပေါင်း ၂.၇၅သန်းကို စာရင်းပြုစုပြီးပြီလို့ တရုတ်အစိုးရ စက်မှုစီပွားဌာနအကြီးအကဲအရာရှိ ကျန်းမော်က ဖေဖော်ဝါရီ ၂၂ ရက်နေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ ဒီအရေအတွက်ဟာ လုပ်ငန်းစုစုပေါင်းရဲ့ ၁၂.၈ ရာခိုင်နှုန်း ဖြစ်တယ် အစီရင်ခံစာထဲမှာ အမှားတွေ ရှိနေတာ ဒါမှမဟုတ် နှစ်ပတ်လည် အစီရင်ခံစာ မတင်တာတွေ လုပ်ခဲ့ကြတယ်လို့ သူက ဆက်ပြောပါတယ်။ စာရင်းသွင်း ခံရပြီးတဲ့နောက်မှာ လုပ်ငန်း ၆ထောင်ကျော်က သူတို့ ကိုယ်သူတို့ တက်တက်ကြွကြွ ပြင်ဆင်ခဲ့ကြတယ် ပေးထားတဲ့အချိန်အတွင်း မှန်မှန်ကန်ကန် လုပ်ဆောင် ပြီးစီးခဲ့ရင် သူတို့နာမည်တွေကို စာရင်းထဲကနေ ပြန်ဖယ်ထုတ်ပေးမယ်လို့လည်း ကျန်းကပြောပါတယ်။ ကိန်းဂဏန်း အချက်အလက်စနစ်ဟာ တရုတ်နိုင်ငံတွင်းက လုပ်ငန်းအားလုံး ဆီက ကော်ပိုရေးရှင်းတွေရဲ့ ကိုယ်စားလှယ်တွေ ငွေရင်းနှီးမြှုပ်နှံမှု အရွယ်အစားနဲ့ စီမံအုပ်ချုပ်ရေး လိုင်စင်တွေ အပါအဝင် သတင်းအချက်အလက်တွေကို စုစည်းပေးထားပါတယ်။ ဒီစနစ်အရ လူ့အဖွဲ့အစည်းဟာ လုပ်ငန်းတွေကို အချိန်မရွေး စစ်ဆေးနိုင်စေတယ် စနစ်ထဲ ဝင်ကြည့်ဖို့ပဲလိုတယ် လုပ်ငန်းတွေနဲ့ ပတ်သက်တဲ့ အခြေခံအချက်အလက် အားလုံးကို ရနိုင်တယ်လို့လည်း ပြောပါတယ်။ လုပ်ငန်းခွင် ဘေးကင်းရေးဌာန၊ ဘဏ္ဍာရေးဌာနနဲ့ တရားရုံး စတဲ့ တခြားဌာနတွေနဲ့ သတင်းအချက်အလက် မျှဝေတာလည်း ရှိတယ်။ လုပ်ငန်းတွေကို အပြစ်ပေးမှုကိုလည်း စာရင်းပြုစုမယ်လို့ ကျန်းက ပြောပါတယ်။ အများပြည်သူကို ဖွင့်ချပြတဲ့ စနစ်ကို ၂၀၁၄ အောက်တိုဘာမှာ စတင်အသက်သွင်းခဲ့တာပါ။ ဒီစနစ်အောက်မှာ လုပ်ငန်းအားလုံးဟာ သတ်မှတ်အချိန်အတွင်း နှစ်ပတ်လည် အစီရင်ခံစာတွေကို လူသိရှင်ကြား ဖော်ပြဖို့ လိုအပ် ပါတယ်။
5 years Ago
Up