တရုတ်နိုင်ငံ

September 2, 2018

လေးနိုင်ငံ ဖိတ်ခေါ်ပြိုင်ပွဲအတွက် မြန်မာယူ-၂၁ အသင်း တရုတ်နိုင်ငံသို့ ထွက်ခွာ

တရုတ်နိုင်ငံမှာ ကျင်းပမယ့် လေးနိုင်ငံ ဖိတ်ခေါ်ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် မြန်မာ့လက်ရွေးစင် ယူ-၂၁ အသင်းဟာ ဒီနေ့ တရုတ်နိုင်ငံကို ထွက်ခွာသွားပါတယ်။ မြန်မာ့လက်ရွေးစင်ယူ - ၂၁ အသင်းဟာ စက်တင်ဘာ ၄ ရက်နေ့မှာ အိမ်ရှင် တရုတ်ယူ -၂၁၊ ၆ ရက်နေ့မှာ  ဥဇဘက်ကစ္စတန်ယူ ၂၁ အသင်း၊ ၈ ရက်နေ့မှာ တာဂျစ်ကစ္စတန်ယူ ၂၁ အသင်းနဲ့ ယှဉ်ပြိုင်ကစားသွားကြမှာပါ။ မြန်မာလက်ရွေးစင်ယူ-၂၁ အသင်းကို နည်းပြချုပ်အဖြစ် ဦးကြည်လွင်က တာဝန်ယူ ဆောင်ရွက်မှာဖြစ်ပြီး အုပ်ချုပ်နည်းပြအဖွဲ့ဝင် ၈ ယောက်၊ ကစားသမား ၂၂ ဦးတို့နဲ့ သွားရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
5 years Ago

August 7, 2018

တရုတ်နိုင်ငံမှ တရားမဝင် ဝင်ရောက်လာသည့် ကုန်တင်ကားကြီးများကို ဖမ်းဆီးစစ်ဆေးနေ

ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့မှာ ဩဂုတ်လ ၂ ရက်က ဖမ်းဆီးထားတဲ့ တရုတ်နိုင်ငံဘက်က လာတဲ့ ကုန်တင်ကား ၃၁ စီးမှာပါရှိတဲ့ ပစ္စည်းတွေကို သက်ဆိုင်ရာက စိစစ် စစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။ ဒီကား ၃၁ စီးဟာ တရုတ်နိုင်ငံဘက်ကနေ တရားမဝင် ဝင်ရောက်လာတာဖြစ်ပြီး ကားပေါ်မှာ မြေဆီနဲ့ ဓာတ်မြေသြဇာလို့ ယူဆရတဲ့ပစ္ဓည်းတွေ သယ်ဆောင်လာတာဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဩဂုတ်လ ၂ ရက်နေ့က ဝိုင်းမော်မြို့နယ်၊ ဆဒုံး ရေတံခွန်အနီး တရုတ်နိုင်ငံမှ ကချင်ပြည်နယ်ဘက်ကို ဝင်ရောက်လာတဲ့ ကား ၃၁ စီးနဲ့ တရုတ်နိုင်ငံသား ၈ ယောက်ကို ဖမ်းဆီးထားတာပါ။ အဆိုပါ တရုတ်နိုင်ငံသား ၈ ယောက်ထဲမှာ ၂ဦးကတော့ လ.ဝ.က စစ်ဆေးချက်အရ တရားမဝင် ဝင်ရောက်လာတာဖြစ်လို့ ဝိုင်းမော်မြို့မရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ ပြည်နယ် ရဲတပ်ဖွဲ့ရုံးကနေ သိရပါတယ်။ ဖမ်းဆီးထားတဲ့ကား ၃၁ စီးမှာပါတဲ့ ပစ္စည်းတွေကိုတော့ သက်ဆိုင်ရာ ဌာနအလိုက် စုပေါင်းပြီး အသေးစိတ် စစ်ဆေးတာတွေ ပြုလုပ်နေပြီး လုံခြုံရေးကိစ္စကိုတော့ ကချင်ပြည်နယ် ရဲတပ်ဖွဲ့က တာဝန်ယူဆောင်ရွက်နေတာပါ။
5 years Ago
More News
Up