တရုတ်မြို့လယ်ခေါင် ထိတ်လန့်ဖွယ် လမ်းပြိုကျမှုကြီး ဖြစ်ပေါ် (ရုပ်သံ)

A d v e r t i s e m e n t With Us

April 24, 2016

တရုတ်မြို့လယ်ခေါင် ထိတ်လန့်ဖွယ် လမ်းပြိုကျမှုကြီး ဖြစ်ပေါ် (ရုပ်သံ)

ဒါဟာ ရုပ်ရှင်ကားတကားထဲက ဇာတ်ဝင်ခန်းတခုလိုပါပဲ။ တရုတ်နိုင်ငံက လမ်းမတခုဟာ ရုတ်တရက်ပြိုကျပြီး ၂ မီတာအနက်ရှိတဲ့ တွင်းကြီးဖြစ်သွားခဲ့တာပါ။ တရုတ်နိုင်ငံအရှေ့ပိုင်း ဇီကျန်းခရိုင်၊ ဟန်ကျိုးမြို့လယ်ခေါင်မှာ ပြီးခဲ့တဲ့ ဧပြီလ ၂၁ ရက်နေ့က လူသူရှုပ်ထွေးတဲ့ လမ်းမပေါ်မှာ ခုလိုရုတ်တရက်ပြိုကျခဲ့ချိန် တာဝန် ကျယာဉ်ထိန်းရဲက ယာဉ်တွေထိခိုက်မှုမဖြစ်အောင် ကာကွယ်ပေးခဲ့ရပါတယ်။ ကံကောင်းထောက်မစွာပဲ လမ်းပြိုကျပြီး ၂ မိနစ်လောက်အကြာမှာ တာဝန်ကျ ယာဉ်ထိန်းရဲဟာ တွင်းပတ်လည်ကို ကတော့ချွန်ပုံတားမြစ်တုံးတွေနဲ့ အဆိုပါဧရိယာတ ၀ိုက်ရှောင်ရှားမောင်းနှင်နိုင်ဖို့ ကူညီပေးနိုင်ခဲ့တာပါ။ လက်ရှိမှာတော့ ဘာကြောင့်ဖြစ်ရတယ်ဆိုတဲ့အကြောင်းရင်းကို စုံစမ်းနေဆဲဖြစ် တယ်လို့ စီစီတီဗွီသတင်းမှာ ဖော်ပြပါတယ်။
5 years Ago
Up