တရုတ်ပြည်သူ့တပ်မတော်စစ်ရေးလေ့ကျင့်မှု

June 29, 2015

အကြီးစား ကမ်းတက် စစ်ရေးလေ့ကျင့်မှု တောင်ကိုရီးယား ပြုလုပ် (ရုပ်သံ)

တောင်ကိုရီးယားနိုင်ငံမှာ အကြီးစား ကမ်းတက် စစ်ဆင်ရေး လေ့ကျင့်ခန်းတခုကို ဇွန် ၂၉ ရက်နေ့မှာ စတင်လိုက်ပါတယ်။ ရေတပ်နဲ့ မရိမ်းတပ်ဖွဲ့အင်အား ၃၇၀၀ ပါဝင်တဲ့ စစ်ရေးလေ့ကျင့်ခန်းကို မြို့တော် ဆိုးလ်ရဲ့ အနောက်တောင်ပိုင်း ၈၇ မိုင်အကွာရှိ ကမ်းခြေမြို့ဖြစ်တဲ့ တဲအန်မြို့မှာ ပြုလုပ်တာပါ။ ရေတပ်နဲ့ မရိမ်းတို့ရဲ့ ပူးတွဲလေ့ကျင့်မှုဟာ ဇူလိုင် ၅ ရက်နေ့အထိ ကြာမြင့်မယ်လို့ တောင်ကိုရီးယား စစ်တပ်က ဆိုပါတယ်။ [caption id="attachment_100095" align="alignright" width="300"]ဓာတ်ပုံ - ရိုက်တာ ဓာတ်ပုံ - ရိုက်တာ[/caption] အနောက်ဘက်ကမ်းရိုးတန်း ဒေသမှာ မလိုလားအပ်တဲ့ အခြေအနေတွေ ဖြစ်လာရင် အသင့်ဖြစ်အောင် လေ့ကျင့်တဲ့ အစီအစဉ် ဖြစ်တယ်လို့ ရေတပ်တိုင်းအမှတ် ၁ ရဲ့ တပ်မှူး ယွန် စီယောင်းက ရှင်းပြပါတယ်။ တောင်နဲ့ မြောက်ကိုရီးယားတို့ဟာ ၁၉၅၀ ကနေ ၅၃ အထိ စစ်ဖြစ်ခဲ့ပြီး အပစ်ရပ်ခဲ့ပေမယ့် ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုထားတာ မရှိပါဘူး။ ကိုရီးယားကျွန်းဆွယ်ဒေသမှာ နှစ်ဘက် စစ်အင်အား ၁၈ သိန်း ရှိတာကြောင့် ကမ္ဘာမှာ စစ်ရိပ်စစ်ငွေ့ အလွှမ်းဆုံး ဒေသတွေထဲက တခုဖြစ်ပါတယ်။
6 years Ago

June 22, 2015

တောင်တရုတ်ပင်လယ်တွင် တရုတ်ရေတပ် စစ်ရေးလေ့ကျင့်မှုပြုလုပ် (ရုပ်သံ)

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ရေတပ်က မကြာခင်က တောင်တရုတ်ပင်လယ်မှာ လက်တွေ့ပစ်ခတ်မှု၊ စစ်ရေးလေ့ကျင့်မှုတွေကို ပြုလုပ်ခဲ့ကြပါတယ်။ ဒီလေ့ကျင့်မှုမှာ အပြာရောင်တပ်နဲ့ အနီရောင်တပ်လို့ ခွဲလိုက်ပြီး တိုက်ခိုက်ရေးနည်းနာတွေနဲ့ မဟာဗျူဟာတွေကို လက်တွေ့လေ့ကျင့်ခဲ့ကြပါတယ်။ အပြာရောင်တပ်ရဲ့ ရေငုပ်သင်္ဘောတွေကို အနီရောင်စစ်သင်္ဘောတွေက ဆိုနာစနစ်ဖြင့် ရှာဖွေတဲ့ပုံစံမျိုးနဲ့ လေ့ကျင့်မှုကို စတင်ပါတယ်။ အပြာရောင်တပ်ကလည်း ကမ်းခြေစောင့်တပ်နဲ့  ပူးတွဲ တန်ပြန်ထိုးစစ်ဆင်တဲ့အချိန်မှာ အနီရောင်တပ်ကလည်း တိုက်လေယာဉ်တွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပြန်လုပ်ခဲ့ကြပါတယ်။ အနီရောင်တပ်ရဲ့ ဒုံးခွင်းဒုံးတွေ ကြားဖြတ်မဖျက်ဆီးနိုင်အောင် သူတို့ရဲ့ ရေဒါစနစ်ကို အပြာရောင်တပ်က နှောင့်ယှက်တဲ့ပုံစံတွေ၊ ဒုံးကျည်တွေနဲ့ တုံ့ပြန်ပစ်ခတ်မှုပုံစံတွေကို လက်တွေ့ လေ့ကျင့်ခဲ့ကြပါတယ်။
6 years Ago
Up