တရုတ်ပြည်မကြီးလူဦးရေ

February 7, 2017

လာမည့် ၂၀၂၀ တွင် တရုတ်ပြည်မကြီးလူဦးရေ သန်း ၁၄၂၀ အထိ ရောက်ရှိမည်ဟု မျှော်လင့်

တရုတ်ပြည်မကြီးရဲ့ လူဦးရေဟာ လာမယ့် ၂၀၂၀ မှာ သန်း ၁၄၂၀ အထိ ရောက်ရှိမယ်လို့ မျှော်လင့်ကြောင်း တရုတ်အစိုးရ အမျိုးသားကျန်းမာရေးနဲ့ မိသားစုစီမံကိန်း ကော်မရှင်က ဖေဖော်ဝါရီ ၇ ရက်နေ့က ပြောကြားလိုက်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၅ နှစ်ကုန်မှာ တရုတ်နိုင်ငံ လူဦးရေဟာ သန်းပေါင်း ၁၃၇၀ ခန့် ရှိခဲ့ပါတယ်။ မိသားတစုကို ကလေးတယောက်ပဲ ယူခွင့်ပေးထားပြီး သားယောက်ျားလေးကို ပိုဥိးစားပေးလေ့ရှိတဲ့ တရုတ်နိုင်ငံမှာ မိသားစုအများစုက သားယောက်ျားလေး မွေးဖွားဖို့ကိုသာ မျှော်လင့်လေ့ရှိပါတယ်။ လက်ရှိအချိုးအရ ယောက်ျားလေး ၁၁၈ ယောက်မွေးတိုင်း မိန်းကလေးမွေးနှုန်း ၁၁၄ ယောက်ရှိတဲ့အတွက် နှစ်စဉ် ကလေးမွေးနှုန်းဟာ ၀ ဒသမ ၀၀၅ ရာခိုင်နှုန်းပဲ ရှိခဲ့တယ်လို့ မိသားစုကော်မရှင်က ဆိုပါတယ်။ ဒါပေမယ့် ၂၀၂၀ ခုနှစ်မှာတော့ မိန်းကလေးအရေအတွက် ၁၀၀ မွေးတိုင်း ယောက်ျားလေးအရေအတွက် ၁၁၂ ယောက် မွေးဖွားလာဖို့  မျှော်လင့်ထားပြီး လူဦးရေတိုးနှုန်းဟာ  ၀ ဒသမ ၀၀၆ ရာခိုင်နှုန်းထိ တိုးလာနိုင်ကြောင်း ဘေကျင်းကပေးပို့တဲ့ ရိုက်တာသတင်းအရ သိရပါတယ်။
4 years Ago
Up