တရုတ်ပြည်တွင် နှစ်စဉ်နှစ်တိုင်း သက်ကြီးရွယ်အို ၅ သိန်းခန့် ပျောက်ဆုံး

October 16, 2016

တရုတ်ပြည်တွင် နှစ်စဉ်နှစ်တိုင်း သက်ကြီးရွယ်အို ၅ သိန်းခန့် ပျောက်ဆုံး

တရုတ်ပြည်မှာ နေ့တိုင်း သက်ကြီးရွယ်အို ၁၃၀၀ ကျော် ပျောက်ဆုံးနေပြီး ဒီပမဏာဟာ နှစ်စဉ်ဆိုလျှင် တစ်နှစ် ၅ သိန်း ပျောက်ဆုံးနေကြောင်း လူထုရေးရာဝန်ကြီးဌာန လက်အောက်ရှိ Zhongmin Social Institute က အစီရင်ခံစာထုတ်ပြန် ပြောဆိုလိုက်ပါတယ်။ ပျောက်ဆုံးတဲ့ သက်ကြီးရွယ်အိုတွေရဲ့ အမှုစုစုပေါင်း ၈၀ ရာခိုင်နှုန်းလောက်ထိဟာ သက်ကြီးနိုင်ငံသား အသက် ၆၅ နှစ်၊ ဒါမှမဟုတ် ၆၅ နှစ်ထက်ကြီးတဲ့ အသက်အရွယ်တွေ ဖြစ်တယ်လို့ Zhongmin Social Institute က ဆိုပါတယ်။ “ဒါက အင်မတန်ကို သိသာထင်ရှားတဲ့ ကြီးမားတဲ့အရေအတွက်ဖြစ်လို့ ဒီလူမှုပြဿနာကို လျစ်လျူရှုဖို့ မဖြစ်နိုင်တော့ပါဘူး” လို့ Zhongmin Social Institute ရဲ့ ဥက္ကဋ္ဌဖြစ်သူ Wang Zhikun က အောက်တိုဘာလ ၉ ရက်နေ့က ပြောလိုက်တာပါ။ ဒီပျောက်ဆုံးနေတဲ့ သက်ကြီးရွယ်အိုတွေရဲ့ ၂၅ ရာခိုင်နှုန်းဟာ အယ်လ်ဇိုင်းမားလို ရောဂါမျိုးတွေ ခံစားနေရတာဖြစ်ပြီး နောက်ထပ် ၇၂ ရာခိုင်နှုန်းကတော့ မှတ်ဉာဏ်ချို့ယွင်းတဲ့ ရောဂါတွေ ခံစားနေရတာဖြစ်တယ်လို့ အစီရင်ခံစာအရ သိရပါတယ်။ ပျောက်ဆုံးပြီးနောက် ပြန်လည်ရှာတွေ့ထဲအထဲမှာလည်း ၂၅ ရာခိုင်နှုန်းက ထပ်မံပျောက်ဆုံးနေတာကိုလည်း တွေ့ရတယ်လို့ အစီရင်ခံစာရေးသားသူ Xiong Guibin က ထပ်ဖြည့်ပြောလိုက်ပါတယ်။ မနှစ်ကတော့ ပြန်လည်ပြောင်းလဲလိုက်ပြီဖြစ်တဲ့ တရုတ်ပြည်ရဲ့ကလေးတစ်ယောက်ပဲ မွေးရမယ်ဆိုတဲ့ မူဝါဒကြောင့် သက်ကြီးရွယ်အိုနှုန်းဟာ တရှိန်ထိုး မြင့်တက်နေတာပါ။ တရုတ်ပြည်ရဲ့ဥပဒေအရ အရွယ်ရောက်ပြီးသူတိုင်းဟာ ကိုယ့်ရဲ့အမိအဖတွေကို စောင့်ရှောက်ရမယ်ဆိုပေမယ့်၊ စောင့်ရှောက်မယ့်၊ အဆက်အသွယ်မရှိဘဲ ဒီသက်ကြီးရွယ်ကြီးတွေရဲ့ သားသမီးတွေ သေဆုံးသွားတာ ဒါမှမဟုတ် ပြောင်းရွှေ့သွားပြီး မိဘတွေကို ထားခဲ့တာတွေက ဖြစ်နေတာပါ။ တရုတ်ပြည်ရဲ့ ကြွယ်ဝတဲ့ အရှေ့ပိုင်းက မြို့ကြီးတွေကို လူငယ်တော်တော်များများဟာ ပြောင်းရွှေ့နေထိုင်ကြတာကြောင့် ဒီလိုပြဿနာတွေကတော့ အထူးသဖြင့် ကျေးလက်ဒေသတွေနဲ့ မြို့သေးသေးလေးတွေမှာ ဆိုးဆိုးရွားရွား ဖြစ်နေတယ်လို့လည်း သိရပါတယ်။ တရုတ်နိုင်ငံမှာ အသက်ရွယ်ကြီးသူ လူဦးရေက များပြားနေပြီး အသက် ၆၅ နှစ်နဲ့အထက် လူဦးရေဟာ ၁၁၄ သန်းရှိနေတာပါ။ ဒါဟာ အခြားဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ သက်ကြီးရွယ်အို အရေအတွက်ထက်စာရင်လည်း ပိုမိုများပြားနေတယ်လို့ World Bank ရဲ့အစီရင်ခံစာအရ သိရပါတယ်။ နောက်ထပ် ဆယ်စုနှစ် ၃ ခုအတွင်းမှာလည်း လူဦးရေ သန်း ၉၀ လောက်ဟာ အလုပ်နေရာတွေ ပြောင်းရွှေ့နိုင်မယ်လို့ ဒီအစီရင်ခံစာမှ သိရပါတယ်။ သက္ကရာဇ် ၂၀၃၀ ခုနှစ်လောက် ရောက်ရင် တရုတ်အစိုးရဟာ ကမ္ဘာမှာ အသက် ၆၀ အထက် လူဦးရေ သန်း ၄၀၀ ရှိတဲ့ ကမ္ဘာ့သက်ကြီးရွယ်အို အများဆုံးနိုင်ငံ ဖြစ်လာတော့မှာပါ။ တရုတ်ပြည်ရဲ့ လိုအပ်တာထက်ပိုတဲ့ မိသားစုစီမံကိန်းဥပဒေကြောင့် ဒီသက်ကြီးရွယ်ကြီး ပြဿနာဟာ ဆိုးရွားနေပြီး အာရှအတွင်းမှာတော့ အဓိကပြဿနာဖြစ်နေတယ်လို့ ဆိုပါတယ်။
6 years Ago
Up