တရုတ်ပြော

A d v e r t i s e m e n t With Us

April 28, 2019

ရပ်ဝန်းနဲ့ပိုးလမ်းမ ထိပ်သီးညီလာခံအတွင်း ဒေါ်လာ ၆၄ ဘီလီကျော်ဖိုး သဘောတူညီခဲ့ဟု တရုတ်ပြော

တရုတ်နိုင်ငံရဲ့ ရပ်ဝန်းနဲ့ ပိုးလမ်းမစီမံကိန်း Belt and Road Initiative ထိပ်သီးညီလာခံ ကျင်းပနေတဲ့ သီတင်းပတ် တပတ်အတွင်း အမေရိကန်ဒေါ်လာ ၆၄ ဘီလျံကျော်တန် သဘောတူညီချက်တွေကို လက်မှတ်ထိုးပြီးပြီလို့ ဧပြီ ၂၇ ရက်မှာ တရုတ်သမ္မတ ရှီကျင့်ဖျင်က ပြောလိုက်ပါတယ်။ “ဒီစီမံကိန်းဟာ ပြည်သူတွေရဲ့ပံ့ပိုးမှုကို ရပြီးပြီ၊ ပြည်သူတွေရဲ့ လူနေမှုဘဝကိုလည်း တိုးတက်အောင် လုပ်ပေးပြီးပြီ။ ဒီကမ္ဘာမှာ ထူးခြားတဲ့နေရာတခုကို ရထားပြီ” လို့ ရှီက ထိပ်သီးညီလာခံပိတ်ပွဲမှာ ခုလို ပြောလိုက်တာပါ။ အာရှ၊ ဥရောပတို့နဲ တရုတ်ကို ချိတ်ဆက်ထားတဲ့ ပိုးလမ်းမဟောင်းကိုလဲ ပြန်ပြီး ဖန်တီးမယ်၊ ဈေးကွက်စည်းမျဉ်းကို ပိုးလမ်း ၂ သွယ် ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်းအားလုံးမှာ ကျင့်သုံးမယ်လို့ ရှီက ပြောပါတယ်။ “ပူးပေါင်းပါဝင်ဖို့ စိတ်ဝင်စားတဲ့ နိုင်ငံအားလုံးကို ကြိုဆိုတယ်။ တရုတ်ဟာ ပွင့်လင်းမြင်သာမှု၊ ရိုးသားမှုနဲ့ သဘာဝ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေရှိတဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို အမြဲ ထောက်ခံတယ်။ ကိုယ်ကျိုးစီးပွား ကာကွယ်ရေးဝါဒကို အမြဲဆန့်ကျင်တယ်။ သန့်ရှင်းပြီး သိက္ခာရှိတဲ့ ဂေဟစနစ်နဲ့ လိုက်လျောညီထွေရှိတဲ့ ပိုးလမ်းသစ်ကို ခေတ်သစ်မှာ တည်ဆောက်ဖို့ အစွမ်းကုန် ကြိုးစားသွားမယ်” လို့ ရှီကျင့်ဖျင်က ပြောပါတယ်။ ဒီစီမံကိန်းဟာ တရုတ်သမ္မတရဲ့ အဓိက မူဝါဒတရပ်ဖြစ်ပြီး  ကြီးမားတဲ့ အခြေခံအဆောက်အဦ ဆိုင်ရာ အသုံးစရိတ်တွေ သုံးပြီး တရုတ်နိုင်ငံကို အာရှ၊ ဥရောပနဲ့ အာဖရိက တိုက် ၃ တိုက်နဲ့ ချိတ်ဆက်ဖို့နဲ့ ပိုးလမ်းမဟောင်းကိုလည်း ပြန်တည်ဆောက်ဖို့ မျှော်မှန်းထားပါတယ်။
2 years Ago

May 13, 2018

သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး မြှင့်တင်သွားမည်ဟု တရုတ်ပြော

တရုတ်နိုင်ငံအနေနဲ့ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးကို မြှင့်တင်ဆောင်ရွက်သွားမယ်လို့ တရုတ်သမ္မတ ရှီကျင့်ပင်က ပြောကြားလိုက်ပါတယ်။ မေလ ၁၂ ရက်နေ့ ဇီချွမ်မြေငလျင်လှုပ်ခတ်ခဲ့မှု ၁၀ နှစ်ပြည့် အထိမ်းအမှတ် အပြည်ပြည်ဆိုင်ရာ ညီလာခံအတွက် အမှာစကားမှာ  တရုတ်သမ္မတ ရှီကျင့်ပင်က အခုလို ထည့်သွင်းပြောကြားလိုက်တာပါ။ အခုညီလာခံကို တရုတ်နိုင်ငံအနောက်တောင်ပိုင်း စီချွမ်ပြည်နယ် မြို့တော်ချန်ဒူးမှာ ကျင်းပခဲ့ပါတယ်။ သဘာဝတရားရဲ့ ဥပဒေသတွေကို လူတွေရဲ့နားလည်နိုင်မှုက ဘယ်တော့မှ အဆုံးသတ်မှာ မဟုတ်တဲ့အကြောင်းနဲ့ သဘာဝဘေးအန္တရာယ် ကာကွယ်တားဆီးရေး၊ လေျာ့ချရေးနဲ့ ကင်းလွတ်ရေးတွေဟာ လူသားတွေရဲ့ ရှင်သန်မှုနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါတဲ့ အခန်းကဏ္ဍတွေ ဖြစ်တယ်လို့လည်း သူကပြောပါတယ်။ ဘေးအန္တရာယ်တွေကို သိပ္ပံနည်းကျနားလည်မှု၊ ထိထိရောက်ရောက် လျော့ချနိုင်မှုနဲ့ သဘာဝတရားနဲ့ လူသားတွေကြား သဟဇာတ ဖြစ်မှုတွေအတွက် နိုင်ငံတကာ အသိုင်းအ၀ိုင်းရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လိုအပ်တယ်လို့လည်း ရှီကပြောပါတယ်။ တရုတ်နိုင်ငံအနေနဲ့ လူသားဗဟိုပြုတဲ့ ဖွံ့ဖြိုးတိုးတက်ရေး မူဝါဒကို လိုက်နာနေပြီး သဘာဝဘေးအန္တရာယ် ကာကွယ်တားဆီးရေးနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်လက် အလေးပေးသွားမယ်လို့လည်း ရှီကပြောပါတယ်။ တရုတ်နိုင်ငံတောင်ပိုင်း စီချွမ်ပြည်နယ် စီရင်စုမှာ ၂၀၀၈ ခုနှစ် မေ ၁၂ ရက်နေ့က ၈  မဂ္ဂနီကျူ ပြင်းအားရှိတဲ့ မြေငလျင်လှုပ်ခတ်ခဲ့လို့ လူ ၇၀၀၀၀ နီးပါး သေဆုံးခဲ့ပြီး ၁၈၀၀၀ လောက် ပျောက်ဆုံးခဲ့ရသလို လူပေါင်းသန်းနဲ့ချီ အိမ်ရာမဲ့ ဖြစ်ခဲ့ရပါတယ်။ အခုညီလာခံကို သက်ဆိုင်ရာ ကျွမ်းကျင်သူနဲ့ ပညာရှင် အယောက် ၂၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။
3 years Ago
More News
Up