တရုတ်လေတပ် လေယာဉ်အုပ်စု ညဘက် စစ်ရေးလေ့ကျင့်

A d v e r t i s e m e n t With Us

May 3, 2016

တရုတ်လေတပ် လေယာဉ်အုပ်စု ညဘက် စစ်ရေးလေ့ကျင့်

အရှေ့တရုတ်ပင်လယ် လေတပ် လေယာဉ်အုပ်စုက လတ်တလော ညဘက်မှာ စစ်ရေးလေ့ကျင့်နေပါတယ်။ ကျားသစ်ပျံလို့ အဓိပ္ပာယ်ရပြီး တရုတ်လို ဖေးပေါင်လို့ နာမည်ပေးထားတဲ့ ဒါဇင်နဲ့ချီတဲ့ တိုက်လေယာဉ်တွေဟာ တကယ့် တိုက်ခိုက်မှု အခြေအနေ ပုံစံတူ ဖန်တီးမှုအောက်မှာ တာဝေး အငိုက်ဖမ်း လေကြောင်းတိုက်ခိုက်မှုတွေကို လေ့ကျင့်နေပါတယ်။ တိုက်လေယာဉ်တွေဟာ ရေဒါဖမ်းလို့ မမိတဲ့ အနိမ့်ပိုင်းမှာ တနာရီကို ကီလို ၁၀၀၀ အမြန်နှုန်းနဲ့ ပျံသန်းရလို့ လေယာဉ်မှူးတွေဟာ ကျွန်းတွေ၊ သင်္ဘောကြီးတွေနဲ့ ငှက်အုပ်တွေကို ရှောင်ဖို့ အလွန်အမင်း အာရုံစိုက်ထားဖို့ လိုအပ်ပါတယ်။ ပစ်မှတ် စစ်သင်္ဘောတွေအဖြစ် သတ်မှတ်ထားတဲ့ နေရာတွေကို ပစ်ခတ် လေ့ကျင့်ပြီးတဲ့ အခါမှာ စစ်ဦးစီးမှူးက ပုံစံထုတ်ထားတဲ့အတိုင်း တိုက်လေယာဉ်တွေဟာ လေဆိပ်မှာ ပြန်ဆင်းသက်ရမှာပါ။ တချိန်လုံး အင်မတန် အာရုံစိုက်မှုကို ထိန်းထားရတယ်၊ တချိန်တည်းမှာပဲ ရင်းနှီးကျွမ်းဝင်မှုမရှိတဲ့ လေဆိပ်မှာ ဘယ်လိုဆင်းသက်မလဲ ဆိုတာ တွေးထားရတယ်၊ တကယ်လို့ ရာသီဥတု ပြောင်းခဲ့ရင် ဆိုတဲ့အချက်လည်း ပါတယ်၊ ဒါဟာ ကိုယ်ကာယ ကြံ့ခိုင်မှုရော စွမ်းအင်ပါ တော်တော်ကို ကုန်တယ်လို့ လေ့ကျင့်ရာမှာ ပါဝင်တဲ့ လေယာဉ်မှူး စွန်းလျန်က ပြောပါတယ်။ တာဝေးစီးနင်း စစ်ရေးလေ့ကျင့်မှုဟာ တပ်ဖွဲ့ရဲ့ တိုက်ခိုက်ရေးစွမ်းရည်ကို အကြီးအကျယ် တိုးတက်စေတယ်၊ ခေတ်သစ်စစ်ရေး လိုအပ်ချက်ကို ပိုကောင်းကောင်း လိုက်မိစေတယ်လို့လည်း သူက ပြောပါတယ်။ လေဆိပ်မှာ လောင်စာရည်ဖြည့်ပြီးရင် တိုက်လေယာဉ်တွေဟာ လေတပ် အခြေစိုက်စခန်းကို ပြန်ရပါတယ်။ ဒီလေ့ကျင့်မှုဟာ ဖေးပေါင် တိုက်လေယာဉ်တွေရဲ့ တာဝေးစီးနင်း တိုက်ခိုက်နိုင်စွမ်းကို စမ်းသပ်တာလည်း ဖြစ်ပြီး လေယာဉ်မှူးတွေရဲ့ တာဝေးလှုပ်ရှား စီးနင်းနိုင်စွမ်းနဲ့ အမြန် တုံ့ပြန်နိုင်စွမ်းတွေကို လေ့ကျင့်တာလို့ တရုတ်အစိုးရရုပ်သံက အစီရင်ခံပါတယ်။
5 years Ago
Up