တရုတ်ဘောလုံးလောက

A d v e r t i s e m e n t With Us

September 29, 2015

ဘရာဇီးဘောလုံးအကျော်အမော် ရော်နယ်ဒို တရုတ်တွင် ဘောလုံးသင်တန်းကျောင်း ၃၀ ဖွင့်မည်

ဘရာဇီး နာမည်ကြီး ဘောလုံးသမား ရော်နယ်ဒိုက တရုတ်နိုင်ငံမှာ ဘောလုံးသင်တန်းကျောင်း ၃၀ ဖွင့်လှစ်သွားမယ်လို့ ပြောလိုက်ပါတယ်။ ဘရာဇီးနိုင်ငံ ဆာပေါ်လိုခရိုင် ကမ်ပီးနက်စ်မြို့မှာ စက်တင်ဘာ ၂၈ ရက်နေ့ကပြုလုပ်တဲ့ သူ့ရဲ့ ဘောလုံးသင်တန်းကျောင်း ဖွင့်ပွဲအခမ်းအနားမှာ အခုလို ပြောခဲ့တာပါ။ “တရုတ်နိုင်ငံမှာ ဘာလို့ ဘောလုံးလေ့ကျင့်ရေး သင်တန်းကျောင်း ဖွင့်ရတာလဲဆိုတော့  တနိုင်ငံလုံး ဘောလုံးပရိသတ်နဲ့ အားကစားသမားတွေ အများအပြား ရှိနေတာရယ်၊ အစိုးရအနေနဲ့ ဘောလုံးအားကစားကို ဖွံ့ဖြိုးတိုးတက်စေချင်တာရယ်ကြောင့်ပါပဲ။ ကျနော်သင်ကြားပေးမယ့် ဘောလုံးကစားနည်းတွေက တရုတ်နိုင်ငံရဲ့ ဘောလုံးအားကစား လောကကို မြှင့်တင်နိုင်စေလိမ့်မယ်လို့ မျှော်လင့်ပါတယ်” လို့ သူက ဆင်ဟွာသတင်းဌာနကို ပြောပါတယ်။ တရုတ်အစိုးရဟာ ဒီနှစ်အစောပိုင်းမှာ ဘောလုံးအားကစား တိုးတက်ရေးအတွက် ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ အစီအစဉ်တွေ လုပ်သွားမယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ရော်နယ်ဒို ဘောလုံးအကယ်ဒမီမှ ဥက္ကဋ္ဌ ကာလို့စ်ဝစ်ဇတ်မာတင်စ်က သူတို့ ဘောလုံးအကယ်ဒမီ အနေနဲ့ တရုတ်နိုင်ငံ ဘောလုံးအားကစားကို ကမ္ဘာ့အဆင့်မီ ဖြစ်လာစေဖို့ ကူညီပေးနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း ပြောပါတယ်။
5 years Ago
Up